ႏုိင္ငံေတာ္သမၼတ၏ တတိယအႀကိမ္ လြတ္ၿငိမ္းသက္သာခြင့္တြင္ ရိုက္တာသတင္းေထာက္ႏွစ္ဦးပါဝင္

ႏုိင္ငံေတာ္သမၼတ၏ တတိယအႀကိမ္ လြတ္ၿငိမ္းသက္သာခြင့္တြင္ ရိုက္တာသတင္းေထာက္ႏွစ္ဦးပါဝင္
မေ 7, 2019
By Tachileik News Agency

ႏိုင္ငံေတာ္သမၼတ၏ ျမန္မာႏွစ္သစ္ကူးအထိမ္းအမွတ္ တတိယအႀကိမ္ေျမာက္ ျပစ္ဒဏ္ လြတ္ၿငိမ္းသက္သာခြင့္တြင္ ရိုက္တာသတင္းေထာက္ႏွစ္ဦးျဖစ္သည့္ ကိုဝလံုးႏွင့္ ကိုေက်ာ္စိုးဦးတို႔လည္း ပါဝင္လာသည္။

ႏုိင္ငံေတာ္သမၼတ၏ ၂၀၁၉ ခုႏွစ္ ျမန္မာႏွစ္သစ္ကူးအထိမ္းအမွတ္ လြတ္ၿငိမ္းသက္သာခြင့္ကို တတိယအႀကိမ္အျဖစ္ ၂၀၁၉ ခုႏွစ္၊ ေမလ (၇)ရက္ေန႔က အက်ဥ္းသား၊အက်ဥ္းသူ (၆,၅၂၀)ဦးကို ခံစားခြင့္ျပဳလုိက္ရာတြင္ သတင္းေထာက္ႏွစ္ဦးပါဝင္လာျခင္းျဖစ္သည္။

အဆိုပါ ရုုိက္တာသတင္းေထာက္(၂)ဦးမွာ ရခိုင္ျပည္နယ္ အင္းဒင္ရြာလူသတ္မႈသတင္းႏွင့္ပတ္သက္၍ ၂၀၁၇ ဒီဇင္ဘာလ (၁၂) ရက္ေန႔တြင္ ဖမ္းဆီးခံရၿပီးေနာက္ အစိုးရလွ်ဳိ႕၀ွက္ခ်က္ဥပေဒျဖင့္ တရားစြဲဆိုခံရကာ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ (၃)ရက္ေန႔၌ ရန္ကုန္ခရိုင္တရားရံုးက ေထာင္ဒဏ္ (၇)ႏွစ္စီခ်မွတ္ခဲ့ျခင္း ျဖစ္သည္။

သမၼတ၏ ျမန္မာႏွစ္သစ္ကူးအထိမ္းအမွတ္ လြတ္ၿငိမ္းသက္သာခြင့္ကို ယခုႏွစ္အတြင္း စုစုေပါင္း (၂၃,၀၁၉)ဦး ခံစားခဲ့ရျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု  - Maung Saung Kha




~~~~~~~~⊰❂ Unicode Version ~~~~~~~~

နိုင်ငံတော်သမ္မတ၏ မြန်မာနှစ်သစ်ကူးအထိမ်းအမှတ် တတိယအကြိမ်မြောက် ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်တွင် ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့လည်း ပါဝင်လာသည်။

နိုင်ငံတော်သမ္မတ၏ ၂၀၁၉ ခုနှစ် မြန်မာနှစ်သစ်ကူးအထိမ်းအမှတ် လွတ်ငြိမ်းသက်သာခွင့်ကို တတိယအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်၊ မေလ (၇)ရက်နေ့က အကျဉ်းသား၊အကျဉ်းသူ (၆,၅၂၀)ဦးကို ခံစားခွင့်ပြုလိုက်ရာတွင် သတင်းထောက်နှစ်ဦးပါဝင်လာခြင်းဖြစ်သည်။

အဆိုပါ ရိုက်တာသတင်းထောက်(၂)ဦးမှာ ရခိုင်ပြည်နယ် အင်းဒင်ရွာလူသတ်မှုသတင်းနှင့်ပတ်သက်၍ ၂၀၁၇ ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် ဖမ်းဆီးခံရပြီးနောက် အစိုးရလျှို့ဝှက်ချက်ဥပဒဖြေင့် တရားစွဲဆိုခံရကာ ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၃)ရက်နေ့၌ ရန်ကုန်ခရိုင်တရားရုံးက ထောင်ဒဏ် (၇)နှစ်စီချမှတ်ခဲ့ခြင်း ဖြစ်သည်။

သမ္မတ၏ မြန်မာနှစ်သစ်ကူးအထိမ်းအမှတ် လွတ်ငြိမ်းသက်သာခွင့်ကို ယခုနှစ်အတွင်း စုစုပေါင်း (၂၃,ဝ၁၉)ဦး ခံစားခဲ့ရခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - Maung Saung Kha

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net