ျမန္မာႏိုင္ငံအတြင္း မူးယစ္ေဆး၀ါးေရာင္းခ်သူမ်ားအေနျဖင့္ ေက်ာင္းေနအရြယ္ကေလးငယ္မ်ားကို ပစ္မွတ္ထားကာ ေဆာင္ရြက္လာေနသျဖင့္ ေက်ာင္းမ်ားတြင္ အသိပညာေပးမႈမ်ားဆက္တိုက္ေဆာင္ရြက္ေနရၿပီး ထူးျခားမႈရိွပါက သက္ဆိုင္ရာသို႔ အေၾကာင္းၾကားေပးရန္ ညႊန္ၾကားခ်က္မ်ား ထုတ္ျပန္ထားေၾကာင္း သိရသည္။
"ကေလးေတြေတာင္ပါလာၿပီ။ မူးယစ္ေဆး၀ါးသမားေတြက ဘာလုပ္လဲဆိုေတာ့ သူတို႔ရဲ႕ Promotion ေပါ့။ စာသင္ေက်ာင္းေတြမွာ ေက်ာင္းသားေမြးတာေပါ့။ ကေလးေတြကို အလကားေကၽြးတာေပါ့။ ေကၽြးၿပီးစြဲေတာ့မွ ခိုင္းစားတာ။ ကၽြန္ေတာ္ဆိုရင္ ခဏခဏစ ာသင္ေက်ာင္းေတြမွာဆင္းၿပီးေတာ့ အသိပညာေပးေတြလုပ္ရတယ္။ ဆရာ၊ဆရာမေတြကို ဒီလိုကိစၥေတြေပၚရင္ခ်က္ခ်င္းေျပာ၊ ခ်က္ခ်င္းဆင္း ေဆာင္ရြက္မႈေတြလုပ္ရတာေပါ့။ တစ္ႏိုင္ငံလံုးျဖစ္ေနၿပီလို႔ ကၽြန္ေတာ္ေျပာခ်င္ပါတယ္။ ကၽြန္ေတာ္တို႔ရန္ကုန္မွာဆိုရင္ ေတာ္ေတာ္မ်ားမ်ားျဖစ္ေနတယ္။ ဒီဟာက စနစ္တက်ေျဖရွင္းရမယ့္ကိစၥျဖစ္တယ္။ တရားဥပေဒစိုးမိုးေရးမရိွေသးခင္ ၿငိမ္းခ်မ္းေရးမရေသးခင္ျဖစ္တဲ့အတြက္ေၾကာင့္ ပိုၿပီးကိုင္တြယ္ရခက္မွာပါ"ဟု ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ လူမႈေရး၀န္ႀကီး ဦးႏိုင္ငံလင္းက ေျပာသည္။
ျမန္မာ - ထိုင္းနယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆး၀ါးမ်ား ေစ်းႏႈန္းခ်ိဳသာစြာျဖင့္ အလြယ္တကူ၀ယ္ယူရရိွသျဖင့္ မူးယစ္ေဆးစြဲသူမ်ား အမ်ားအျပားျမင္ေတြ႕ေနရၿပီး အရြယ္မေရာက္ေသးသည့္ လူငယ္မ်ားကို ေဆးျဖတ္စခန္းမ်ားတြင္ ေတြ႕ရိွေနရေၾကာင္း သိရသည္။
"ဒီေဒသနဲ႔ပတ္သက္တဲ့ အခက္အခဲကို ကၽြန္ေတာ္ဘယ္လိုေျဖရွင္းေပးႏိုင္လဲဆိုရင္ ရန္ကုန္ရြာသာႀကီးပို႔ခ်င္တယ္ဆိုရင္ ကၽြန္ေတာ္က ဒီေဆးရံုေတြကို ကိုင္တြယ္ရတာျဖစ္တဲ့အတြက္ေၾကာင့္ ကၽြန္ေတာ့္ကို အကူအညီလွမ္းေတာင္းလို႔ရပါတယ္။ ကၽြန္ေတာ္ရေအာင္ စီစဥ္ေပးပါမယ္။ ျပန္လည္ထူေထာင္ေရးစခန္းေပါ့။ လူမႈ၀န္ထမ္းက လုပ္မယ့္စခန္းကို ပိုေကာင္းေအာင္ေဆာင္ရြက္ဖို႔ ကၽြန္ေတာ္စာတင္ၿပီးေတာ့ ညိႇႏိႈင္းေဆာင္ရြက္ပါမယ္"ဟု ဦးႏိုင္ငံလင္းကေျပာသည္။
တာခ်ီလိတ္ၿမိဳ႕ ေအာင္ျမတ္ခန္းမတြင္ ၂၀၁၉ခုႏွစ္ ေမလ(၉)ရက္ေန႔က ျပည္ေထာင္စုၿငိမ္းခ်မ္းေရးဆိုင္ရာ လုပ္ငန္းစဥ္မ်ား တင္ျပေဆြးေႏြးျခင္းႏွင့္ ၿငိမ္းခ်မ္းေရးႏွင့္ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးဆိုင္ရာ ေဟာေျပာေဆြးေႏြးပြဲျပဳလုပ္စဥ္ အျပန္အလွန္ေဆြးေႏြးမႈမ်ား၌ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ လူမႈေရး၀န္ႀကီး ဦးႏိုင္ငံလင္းက ယင္းသို႔ ေဆြးေႏြးေျပာၾကားခဲ့ျခင္း ျဖစ္သည္။
တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆးစြဲၿပီး ေလလြင့္ေနထုိင္သူမ်ားအျဖစ္ လမ္းမ်ားတြင္ လွည့္လည္သြားလာေနသူမ်ားကိုလည္း ေတြ႔ရေလ့ရိွၿပီး ေဒသတြင္း ေဆးျဖတ္စခန္းမ်ား အလံုအေလာက္မရိွသျဖင့္ ေဆးစြဲသူမ်ားအတြက္ ထိေရာက္သည့္ ကုသမႈမ်ား လုပ္ေဆာင္ႏုိင္မႈ အားနည္းေနဆဲျဖစ္သည္ကို ေတြ႔ရသည္။
သတင္း - ဟန္စုိးထုိက္
"ကလေးတွေတောင်ပါလာပြီ။ မူးယစ်ဆေးဝါးသမားတွေက ဘာလုပ်လဲဆိုတော့ သူတို့ရဲ့ Promotion ပေါ့။ စာသင်ကျောင်းတွေမှာ ကျောင်းသားမွေးတာပေါ့။ ကလေးတွေကို အလကားကျွေးတာပေါ့။ ကျွေးပြီးစွဲတော့မှ ခိုင်းစားတာ။ ကျွန်တော်ဆိုရင် ခဏခဏစာသင်ကျောင်းတွေမှာဆင်းပြီးတော့ အသိပညာပေးတွေလုပ်ရတယ်။ ဆရာ၊ဆရာမတွေကို ဒီလိုကိစ္စတွေပေါ်ရင်ချက်ချင်းပြော၊ ချက်ချင်းဆင်း ဆောင်ရွက်မှုတွေလုပ်ရတာပေါ့။ တစ်နိုင်ငံလုံးဖြစ်နပြေီလို့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့ရန်ကုန်မှာဆိုရင် တော်တော်များများဖြစ်နေတယ်။ ဒီဟာက စနစ်တကျဖြေရှင်းရမယ့်ကိစ္စဖြစ်တယ်။ တရားဥပဒေစိုးမိုးရေးမရှိသေးခင် ငြိမ်းချမ်းရေးမရသေးခင်ဖြစ်တဲ့အတွက်ကြောင့် ပိုပြီးကိုင်တွယ်ရခက်မှာပါ"ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။
မြန်မာ - ထိုင်းနယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးများ ဈေးနှုန်းချိုသာစွာဖြင့် အလွယ်တကူဝယ်ယူရရှိသဖြင့် မူးယစ်ဆေးစွဲသူများ အများအပြားမြင်တွေ့နေရပြီး အရွယ်မရောက်သေးသည့် လူငယ်များကို ဆေးဖြတ်စခန်းများတွင် တွေ့ရှိနေရကြောင်း သိရသည်။
"ဒီဒေသနဲ့ပတ်သက်တဲ့ အခက်အခဲကို ကျွန်တော်ဘယ်လိုဖြေရှင်းပေးနိုင်လဲဆိုရင် ရန်ကုန်ရွာသာကြီးပို့ချင်တယ်ဆိုရင် ကျွန်တော်က ဒီဆေးရုံတွေကို ကိုင်တွယ်ရတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်ကို အကူအညီလှမ်းတောင်းလို့ရပါတယ်။ ကျွန်တော်ရအောင် စီစဉ်ပေးပါမယ်။ ပြန်လည်ထူထောင်ရေးစခန်းပေါ့။ လူမှုဝန်ထမ်းက လုပ်မယ့်စခန်းကို ပိုကောင်းအောင်ဆောင်ရွက်ဖို့ ကျွန်တော်စာတင်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ပါမယ်"ဟု ဦးနိုင်ငံလင်းကပြောသည်။
တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ၂၀၁၉ခုနှစ် မေလ(၉)ရက်နေ့က ပြည်ထောင်စုငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ တင်ပြဆွေးနွေးခြင်းနှင့် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲပြုလုပ်စဉ် အပြန်အလှန်ဆွေးနွေးမှုများ၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ယင်းသို့ ဆွေးနွေးပြောကြားခဲ့ခြင်း ဖြစ်သည်။
တာချီလိတ်မြို့တွင် မူးယစ်ဆေးစွဲပြီး လေလွင့်နေထိုင်သူများအဖြစ် လမ်းများတွင် လှည့်လည်သွားလာနေသူများကိုလည်း တွေ့ရလေ့ရှိပြီး ဒေသတွင်း ဆေးဖြတ်စခန်းများ အလုံအလောက်မရှိသဖြင့် ဆေးစွဲသူများအတွက် ထိရောက်သည့် ကုသမှုများ လုပ်ဆောင်နိုင်မှု အားနည်းနေဆဲဖြစ်သည်ကို တွေ့ရသည်။
သတင်း - ဟန်စိုးထိုက်