အမေရိကန်ပြည်ထောင်စု၊ တင်နက်ဆီပြည်နယ်မှ အဝလွန်အကျဉ်းသားတစ်ဦးက ဗိုက်ခေါက်တွင် (၂၄)လက်မရှည်သည့် ဓါးကို ဝှက်၍ ထောင်အတွင်းသွင်းရန် ကြိုးစားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
Tachileik News Agency
Ref: Daily Mail
ကိုယ်အလေးချိန်ပေါင် (၃၂၀)ရှိသည့် ဖရက်ဒရစ်ဂျွန်ဆင်သည် ခန္ဓာကိုယ်ပေါ်တွင် သတ္တုစမ်းသပ်ရှာဖွေသည့်စက်မှ အောင်မြင်စွာ ဖြတ်သန်းခဲ့ပြီးနောက် ခန္ဓာကိုယ်အား လက်ဖြင့်ထပ်မံစမ်းသပ်ရှာဖွေချိန်တွင် တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
ခန္ဓာကိုယ်အား စမ်းသပ်ရှာဖွေစဉ် ဓားအစွန်းဘက်ကိုစမ်းသပ်မိရာမှ ခန္ဓာကိုယ်အားစစ်ဆေးသည့်ရဲဝန်ထမ်းက မသင်္ကာသဖြင့် အသေးစိတ်စစ်ဆေးမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းက အမှုရင်ဆိုင်ခဲ့ရပြီး ထောင်ဒဏ်ချမှတ်ခံထားရသည့် ဖရက်ဒရစ်မှာ မူလပြစ်မှုအပြင် ထောင်တွင်းသို့ သေစေနိုင်သည့်လက်နက်သွင်းရန်ကြိုးပမ်းမှုဖြင့်ပါ ထပ်မံအရေးယူခံထားရကြောင်း သိရသည်။
Tachileik News Agency
Ref: Daily Mail