*************
ထိုင်းနိုင်ငံသား ဧည့်လမ်းညွှန်အဖြစ်လိမ်ညာထားသည့် တရုတ်နိုင်ငံသားတစ်ဦးကို ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်တွင် ဖမ်းဆီးရမိထားကြောင်း သိရသည်။
တရုတ်ခရီးသွားအဖွဲ့ကို စမွတ်ပရာကန်ရှိ ဘုရားသို့သွားရောက်လည်ပတ်ရန် ပို့ဆောင်ပေးခဲ့သည့် တရုတ်နိုင်ငံသား အသက် (၃၇)နှစ်အရွယ် လီချန်းကို ရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ မေလ (၂၃)ရက်နေ့တွင် စစ်ဆေးရာ ၎င်းမှာ ထိုင်းနိုင်ငံသားတစ်ဦး၏ သက်သေခံကဒ်ပြားကိုခိုးယူကာ ဧည့်လမ်းညွှန်လိုင်စင်အပြင် ယာဉ်မောင်းလိုင်စင်နှင့် နိုင်ငံကူးလက်မှတ်များကိုပါ လုပ်ဆောင်ထားသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
လီချန်းက ထိုင်းနိုင်ငံသားတစ်ဦး၏ သက်သေခံကဒ်ကို ၂၀၁၅ ခုနှစ်ကတည်းက ရယူသုံးစွဲနေခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ဖေဖေါ်ဝါရီလအတွင်းကလည်း သုဝဏ္ဏဘူမိလေဆိပ် လုံခြုံရေးဝန်ထမ်းတစ်ဦးကို နှောင့်ယှက်မှုဖြင့် ဒဏ်ကြေးပေးဆောင်ခဲ့ရဖူးသူဖြစ်ကြောင်း သိရသည်။
Tachileik News Agency
Ref: Bangkok Post