သတ္မွတ္ခ်ိန္ေက်ာ္လြန္ဖြင့္လွစ္သည့္ ဘားႏွစ္ခုကို စစ္ေဆးေတြ႔ရသျဖင့္ ပတၱယားမွ အႀကီးတန္းရဲအရာရိွ (၅)ဦးကို ေျပာင္းေရႊ႕မိန္႔ထုတ္

သတ္မွတ္ခ်ိန္ေက်ာ္လြန္ဖြင့္လွစ္သည့္ ဘားႏွစ္ခုကို စစ္ေဆးေတြ႔ရသျဖင့္ ပတၱယားမွ အႀကီးတန္းရဲအရာရိွ (၅)ဦးကို ေျပာင္းေရႊ႕မိန္႔ထုတ္
ဇွန် 3, 2019
By 🌸
ထုိင္းႏုိင္ငံ ပတၱယားတြင္ မူးယစ္ေဆးမ်ား၊ မူးယစ္ေဆးသံုးသည့္ပစၥည္းမ်ားႏွင့္ မူးယစ္ေဆး သံုးစြဲထားသူရာႏွင့္ခ်ီ၍ ဖမ္းမိသည့္ ဘားႏွစ္ခုမွာ သတ္မွတ္ခ်ိန္ေက်ာ္လြန္ဖြင့္လွစ္ေၾကာင္း စစ္ေဆးေတြ႔ရိွရသျဖင့္ ပတၱယားရဲတပ္ဖြဲ႕မွ အႀကီးတန္းရဲအရာရိွ (၅)ဦးကို ေျပာင္းေရႊ႕မိန္႔ထုတ္လုိက္ၿပီျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ရဲအရာရိွမ်ားကို ေခ်ာင္ဘူရီရဲဌာနခ်ဳပ္သို႔ ေျပာင္းေရႊ႕ေပးလုိက္ျခင္းျဖစ္ၿပီး ရက္ေပါင္း (၃၀)အတြင္း ေရႊ႕ေျပာင္းရမည္ျဖစ္ကာ စံုစမ္းစစ္ေဆးမႈႏွင့္လည္း ရင္ဆုိင္ရမည္ျဖစ္ေၾကာင္း သိရသည္။

ပတၱယားရိွ ဘရာဇီးပတၱယားႏွင့္ 90 Bar တို႔အား တပ္ႏွင့္သက္ဆုိင္ရာတာဝန္ရိွသူမ်ားပါဝင္သည့္ ျပည္နယ္စီမံခန္႔ခြဲေရးအဖြဲ႕က ၂၀၁၉ ခုႏွစ္ ဇြန္လ (၁)ရက္ေန႔ နံနက္ (၄)နာရီက ေရွာင္တခါင္ ဝင္ေရာက္စစ္ေဆးရာ တရားဝင္ဖြင့္လွစ္ခြင့္ျပဳထားသည့္အခ်ိန္ထက္ေက်ာ္လြန္၍ ဖြင့္လွစ္ေနသည္ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ဘရာဇီးပတၱယားဘားကို စစ္ေဆးခဲ့စဥ္က ေသနတ္တစ္လက္၊ ဓါးတစ္ေခ်ာင္း၊ အက္တဆီ၊ ကတ္တမင္းႏွင့္ စိတ္ၾကြေဆးမ်ားကိုေတြ႔ရၿပီး ဘားအတြင္းရိွ လူေပါင္း (၃၀၀)ေက်ာ္အနက္ ထက္ဝက္ခန္႔မွာ မူးယစ္ေဆးသံုးထားသည္ကို စစ္ေဆးေတြ႔ရိွရသည့္အျပင္ အသက္မျပည့္ေသးသူ (၄)ဦးကိုပါ ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

90 Bar ကိုစစ္ေဆးခဲ့စဥ္က မူးယစ္ေဆးသံုးထားသူ (၁၄)ဦးကို ေတြ႔ရေၾကာင္း သိရၿပီး အဆိုပါ ဘားႏွစ္ခုမွ မန္ေနဂ်ာမ်ားမွာ ပုဒ္မမ်ားစြာျဖင့္ ရင္ဆုိင္ေနရကာ ဘားႏွစ္ခုလံုးကိုလည္း (၅)ႏွစ္ပိတ္သိမ္းအေရးယူထားေၾကာငး္ သိရသည္။

ထုိင္းဥပေဒအရ အသက္ (၂၀)ေအာက္ငယ္ရြယ္သူမ်ားကို ဘားမ်ားတြင္ ဝင္ေရာက္ခြင့္ကို တားျမစ္ထားျခင္းျဖစ္သည္။

Tachileik News Agency
Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
သတ်မှတ်ချိန်ကျော်လွန်ဖွင့်လှစ်သည့် ဘားနှစ်ခုကို စစ်ဆေးတွေ့ရသဖြင့် ပတ္တယားမှ အကြီးတန်းရဲအရာရှိ (၅)ဦးကို ပြောင်းရွှေ့မိန့်ထုတ်
**************
ထိုင်းနိုင်ငံ ပတ္တယားတွင် မူးယစ်ဆေးများ၊ မူးယစ်ဆေးသုံးသည့်ပစ္စည်းများနှင့် မူးယစ်ဆေး သုံးစွဲထားသူရာနှင့်ချီ၍ ဖမ်းမိသည့် ဘားနှစ်ခုမှာ သတ်မှတ်ချိန်ကျော်လွန်ဖွင့်လှစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ပတ္တယားရဲတပ်ဖွဲ့မှ အကြီးတန်းရဲအရာရှိ (၅)ဦးကို ပြောင်းရွှေ့မိန့်ထုတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဲအရာရှိများကို ချောင်ဘူရီရဲဌာနချုပ်သို့ ပြောင်းရွှေ့ပေးလိုက်ခြင်းဖြစ်ပြီး ရက်ပေါင်း (၃၀)အတွင်း ရွှေ့ပြောင်းရမည်ဖြစ်ကာ စုံစမ်းစစ်ဆေးမှုနှင့်လည်း ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ပတ္တယားရှိ ဘရာဇီးပတ္တယားနှင့် 90 Bar တို့အား တပ်နှင့်သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် ပြည်နယ်စီမံခန့်ခွဲရေးအဖွဲ့က ၂၀၁၉ ခုနှစ် ဇွန်လ (၁)ရက်နေ့ နံနက် (၄)နာရီက ရှောင်တခါင် ဝင်ရောက်စစ်ဆေးရာ တရားဝင်ဖွင့်လှစ်ခွင့်ပြုထားသည့်အချိန်ထက်ကျော်လွန်၍ ဖွင့်လှစ်နေသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဘရာဇီးပတ္တယားဘားကို စစ်ဆေးခဲ့စဉ်က သေနတ်တစ်လက်၊ ဓါးတစ်ချောင်း၊ အက်တဆီ၊ ကတ်တမင်းနှင့် စိတ်ကြွဆေးများကိုတွေ့ရပြီး ဘားအတွင်းရှိ လူပေါင်း (၃၀၀)ကျော်အနက် ထက်ဝက်ခန့်မှာ မူးယစ်ဆေးသုံးထားသည်ကို စစ်ဆေးတွေ့ရှိရသည့်အပြင် အသက်မပြည့်သေးသူ (၄)ဦးကိုပါ တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

90 Bar ကိုစစ်ဆေးခဲ့စဉ်က မူးယစ်ဆေးသုံးထားသူ (၁၄)ဦးကို တွေ့ရကြောင်း သိရပြီး အဆိုပါ ဘားနှစ်ခုမှ မန်နေဂျာများမှာ ပုဒ်မများစွာဖြင့် ရင်ဆိုင်နေရကာ ဘားနှစ်ခုလုံးကိုလည်း (၅)နှစ်ပိတ်သိမ်းအရေးယူထားကြောငး် သိရသည်။

ထိုင်းဥပဒေအရ အသက် (၂၀)အောက်ငယ်ရွယ်သူများကို ဘားများတွင် ဝင်ရောက်ခွင့်ကို တားမြစ်ထားခြင်းဖြစ်သည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net