ထုိင္းႏိုင္ငံတြင္ Tesco Lotus ႏွင့္ Central ကုန္တုိက္မ်ား၌ ပလတ္စတစ္အသံုးျပဳမႈ ေလွ်ာ့ခ်မည္

ထုိင္းႏိုင္ငံတြင္ Tesco Lotus ႏွင့္ Central ကုန္တုိက္မ်ား၌ ပလတ္စတစ္အသံုးျပဳမႈ ေလွ်ာ့ခ်မည္
ဇွန် 4, 2019
By 🌸
ထုိင္းႏုိင္ငံတြင္ Tesco Lotus ႏွင့္ Central အုပ္စု ကုန္တုိက္ႀကီးမ်ားက သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးအတြက္ ပလတ္စတစ္အသံုးျပဳမႈကို ေလွ်ာ့ခ်သြားေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

Tesco Lotus အေနျဖင့္ ၂၀၁၈ ခုႏွစ္ကတည္းက ၎၏ကုန္တုိက္ခြဲေပါင္း (၂၀၀၀)တြင္ ေဖာ့ဘူးအသံုးျပဳမႈမ်ားကို ေလွ်ာ့ခ်လာရာမွ ၂၀၁၉ ခုႏွစ္ ဇူလုိင္တြင္ ေဖာ့ဘူးမ်ားအသံုးျပဳမႈကို လံုးဝရပ္ဆုိင္းလုိက္ေၾကာင္း ေၾကညာႏုိင္လာသည့္အျပင္ ပလတ္စတစ္အသံုးျပဳမႈေလွ်ာ့ခ်ေရးတြင္ပါ ပါဝင္လုပ္ေဆာင္လာျခင္းျဖစ္သည္။

ပလတ္စတစ္ႏွင့္ ေဖာ့ဘူးမ်ားအစား ျပန္လည္အသံုးျပဳ၍ရႏုိင္သည့္ ပလတ္စတစ္မ်ားကို အစားထိုးအသံုးျပဳသြားမည္ျဖစ္ရာ ႏွစ္စဥ္ ေဖာ့ဘူးတန္ခ်ိန္ (၄၀၀)ေက်ာ္ အသံုးျပဳေနရမႈကို ေလွ်ာ့ခ်လာႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

ပလစ္စတစ္မ်ား၊ ေဖာ့ဘူးမ်ားအပါအဝင္ မေဆြးျမည့္သည့္ စြန္႔ပစ္ပစၥည္းမ်ားေၾကာင့္ သဘာဝပတ္ဝန္းက်င္ထိခိုက္ပ်က္စီးမႈကို ေလွ်ာ့ခ်ႏုိင္ေရးႀကိဳးပမ္းမႈမ်ားတြင္ စီးပြားေရးလုပ္ငန္းမ်ားကလည္း ပူးေပါင္းေဆာင္ရြက္လာၾကျခင္းျဖစ္သည္။

Tachileik News Agency
Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင် Tesco Lotus နှင့် Central ကုန်တိုက်များ၌ ပလတ်စတစ်အသုံးပြုမှု လျှော့ချမည်
************
ထိုင်းနိုင်ငံတွင် Tesco Lotus နှင့် Central အုပ်စု ကုန်တိုက်ကြီးများက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပလတ်စတစ်အသုံးပြုမှုကို လျှော့ချသွားတော့မည်ဖြစ်ကြောင်း သိရသည်။

Tesco Lotus အနေဖြင့် ၂၀၁၈ ခုနှစ်ကတည်းက ၎င်း၏ကုန်တိုက်ခွဲပေါင်း (၂၀၀၀)တွင် ဖော့ဘူးအသုံးပြုမှုများကို လျှော့ချလာရာမှ ၂၀၁၉ ခုနှစ် ဇူလိုင်တွင် ဖော့ဘူးများအသုံးပြုမှုကို လုံးဝရပ်ဆိုင်းလိုက်ကြောင်း ကြေညာနိုင်လာသည့်အပြင် ပလတ်စတစ်အသုံးပြုမှုလျှော့ချရေးတွင်ပါ ပါဝင်လုပ်ဆောင်လာခြင်းဖြစ်သည်။

ပလတ်စတစ်နှင့် ဖော့ဘူးများအစား ပြန်လည်အသုံးပြု၍ရနိုင်သည့် ပလတ်စတစ်များကို အစားထိုးအသုံးပြုသွားမည်ဖြစ်ရာ နှစ်စဉ် ဖော့ဘူးတန်ချိန် (၄၀၀)ကျော် အသုံးပြုနေရမှုကို လျှော့ချလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပလစ်စတစ်များ၊ ဖော့ဘူးများအပါအဝင် မဆွေးမြည့်သည့် စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကို လျှော့ချနိုင်ရေးကြိုးပမ်းမှုများတွင် စီးပွားရေးလုပ်ငန်းများကလည်း ပူးပေါင်းဆောင်ရွက်လာကြခြင်းဖြစ်သည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net