ထုိင္းႏုိင္ငံတြင္ အုိက္စ္ (၁.၄၉)တန္ႏွင့္ ကတ္တမင္း (၉၁) ကီလိုဂရမ္တို႔ကို သိုေလွာင္ထားသည့္ ဂိုေဒါင္အား စစ္ေဆးေတြ႔ရိွ

ထုိင္းႏုိင္ငံတြင္ အုိက္စ္ (၁.၄၉)တန္ႏွင့္ ကတ္တမင္း (၉၁) ကီလိုဂရမ္တို႔ကို သိုေလွာင္ထားသည့္ ဂိုေဒါင္အား စစ္ေဆးေတြ႔ရိွ
ဇွန် 6, 2019
By 🌸
ထိုင္းႏုိင္ငံ၊ ပထုန္ဌာနီတြင္ မူးယစ္ေဆးသိုေလွာင္၊ ထုပ္ပိုးရာ ဂိုေဒါင္တစ္ခုကို ရဲတပ္ဖြဲ႕က စစ္ေဆးေတြ႔ရိွၿပီး အိုက္စ္  (၁.၄၉)တန္၊ ကတ္တမင္း (၉၁)ကီလိုဂရမ္၊ ေသနတ္တစ္လက္တို႔ သိမ္းဆည္းရမိကာ အသက္(၂၆)ႏွစ္အရြယ္လူငယ္တစ္ဦးကို ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

ပထုန္ဌာနီတြင္ ၂၀၁၉ ခုႏွစ္ ဇြန္လ (၄)ရက္ေန႔ နံနက္ပိုင္းက ဝင္ေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း ဇြန္လ (၅)ရက္ေန႔ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားသည္။

ေဒသခံမ်ား၏ သတင္းေပးမႈႏွင့္ ကြင္းဆက္ေဖၚထုတ္ခ်က္အရ ရဲတပ္ဖြဲ႕က ဇြန္လ (၄)ရက္ေန႔ နံနက္ (၂)နာရီခန္႔တြင္ ဂိုေဒါင္အနီးေရာက္လာသည့္ ေမာ္ေတာ္ယာဥ္အား ရပ္တန္႔စစ္ေဆးရာ ယာဥ္ေပၚပါသည့္ အမ်ိဳးသားႏွစ္ဦးအနက္ တစ္ဦးမွာ ထြက္ေျပးလြတ္ေျမာက္သြားေၾကာင္း သိရသည္။

ေမာ္ေတာ္ယာဥ္အား စစ္ေဆးရာ အိုက္စ္ (၁၀၀)ကီလိုဂရမ္ႏွင့္ ကတ္တမင္း (၉၁)ကီလိုဂရမ္တုိ႔ကို ဖမ္းဆီးရမိျခင္းျဖစ္ၿပီး ဂိုေဒါင္အား ဆက္လက္စစ္ေဆးရာ ေျခာက္ဘီးယာဥ္တစ္စီး၌ ဝွက္ထားသည့္ အုိက္စ္ (၁.၃၉) တန္ကို ထပ္မံဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါဂိုေဒါင္ကို ငွားရမ္းထားျခင္းျဖစ္ကာ အိမ္နီးခ်င္းႏုိင္ငံမွ တင္သြင္းလာသည့္ မူးယစ္ေဆးမ်ားသိုေလွာင္ၿပီး ၾသစေတးလ်၊ အင္ဒိုနီးရွား၊ ဂ်ပန္၊ မေလးရွားႏွင့္ ေတာင္ကိုရီးယားတုိ႔သို႔ တင္ပို႔ရန္ ထုပ္ပိုးေနရာအျဖစ္ အသံုးျပဳေနျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဖမ္းဆီးရမိမႈႏွင့္ပတ္သက္၍ ဆက္စပ္သူမ်ားကို ဆက္လက္ေဖၚထုတ္စံုစမ္းေနေၾကာင္း သိရသည္။

Tachileik News Agency
Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင် အိုက်စ် (၁.၄၉)တန်နှင့် ကတ်တမင်း (၉၁) ကီလိုဂရမ်တို့ကို သိုလှောင်ထားသည့် ဂိုဒေါင်အား စစ်ဆေးတွေ့ရှိ
****************
ထိုင်းနိုင်ငံ၊ ပထုန်ဌာနီတွင် မူးယစ်ဆေးသိုလှောင်၊ ထုပ်ပိုးရာ ဂိုဒေါင်တစ်ခုကို ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိပြီး အိုက်စ်  (၁.၄၉)တန်၊ ကတ်တမင်း (၉၁)ကီလိုဂရမ်၊ သေနတ်တစ်လက်တို့ သိမ်းဆည်းရမိကာ အသက်(၂၆)နှစ်အရွယ်လူငယ်တစ်ဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

ပထုန်ဌာနီတွင် ၂၀၁၉ ခုနှစ် ဇွန်လ (၄)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဇွန်လ (၅)ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ဒေသခံများ၏ သတင်းပေးမှုနှင့် ကွင်းဆက်ဖေါ်ထုတ်ချက်အရ ရဲတပ်ဖွဲ့က ဇွန်လ (၄)ရက်နေ့ နံနက် (၂)နာရီခန့်တွင် ဂိုဒေါင်အနီးရောက်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်ပါသည့် အမျိုးသားနှစ်ဦးအနက် တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

မော်တော်ယာဉ်အား စစ်ဆေးရာ အိုက်စ် (၁၀၀)ကီလိုဂရမ်နှင့် ကတ်တမင်း (၉၁)ကီလိုဂရမ်တို့ကို ဖမ်းဆီးရမိခြင်းဖြစ်ပြီး ဂိုဒေါင်အား ဆက်လက်စစ်ဆေးရာ ခြောက်ဘီးယာဉ်တစ်စီး၌ ဝှက်ထားသည့် အိုက်စ် (၁.၃၉) တန်ကို ထပ်မံဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဂိုဒေါင်ကို ငှားရမ်းထားခြင်းဖြစ်ကာ အိမ်နီးချင်းနိုင်ငံမှ တင်သွင်းလာသည့် မူးယစ်ဆေးများသိုလှောင်ပြီး သြစတေးလျ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှားနှင့် တောင်ကိုရီးယားတို့သို့ တင်ပို့ရန် ထုပ်ပိုးနေရာအဖြစ် အသုံးပြုနေခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ဆက်စပ်သူများကို ဆက်လက်ဖေါ်ထုတ်စုံစမ်းနေကြောင်း သိရသည်။
Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net