အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ပြည်သူကို ဗဟိုပြုသည့် ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရား တည်ဆောက်ရေးအတွက် ပြည်သူလူထုထံမှ အကြံပြုချက်နှင့် တင်ပြလိုသည့်အချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနက တောင်းခံထားသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်စပ်လျဉ်း၍ ပြည်သူလူထုအနေဖြင့် အကြံပြုချက်များနှင့် တင်ပြလိုသည့်အချက်များအား ပေးပို့ရာတွင် လုံခြုံစိတ်ချမှုရှိစေရန် ဆောင်ရွက်ပေးထားပြီး သီးသန့်တယ်လီဖုန်း၊ ဖက်စ်ဖုန်းနှင့် အီးမေးလ်လိပ်စာများဖြင့် လက်ခံနေကြောင်း သိရသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှနေ၍ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့မှစပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနလက်အောက်သို့ ပြောင်းရွှေ့လိုက်ပြီးနောက် ထွေအုပ်ဝန်ထမ်းများ၊ ထွေအုပ်ဝန်ထမ်းဟောင်းများနှင့် အကြံပေးပညာရှင်များ၏ ဆွေးနွေးမှုဖြင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
အကြံပြုစာပေးပို့လိုသူများအနေဖြင့် ဖုန်း ၀၆၇ ၅၉၀၅၇၈၊ ဖက်စ်ဖုန်းနံပါတ် - ၀၆၇ ၅၉၀၅၇၇ နှင့် အီးမေးလ်လိပ်စာ [email protected] တို့သို့ ဆက်သွယ်ပေးပို့နိုင်ကြကြောင်း သိရသည်။
Tachileik News Agency
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်စပ်လျဉ်း၍ ပြည်သူလူထုအနဖြေင့် အကြံပြုချက်များနှင့် တင်ပြလိုသည့်အချက်များအား ပေးပို့ရာတွင် လုံခြုံစိတ်ချမှုရှိစေရန် ဆောင်ရွက်ပေးထားပြီး သီးသန့်တယ်လီဖုန်း၊ ဖက်စ်ဖုန်းနှင့် အီးမေးလ်လိပ်စာများဖြင့် လက်ခံနေကြောင်း သိရသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှနေ၍ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့မှစပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနလက်အောက်သို့ ပြောင်းရွှေ့လိုက်ပြီးနောက် ထွေအုပ်ဝန်ထမ်းများ၊ ထွေအုပ်ဝန်ထမ်းဟောင်းများနှင့် အကြံပေးပညာရှင်များ၏ ဆွေးနွေးမှုဖြင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။
အကြံပြုစာပေးပို့လိုသူများအနဖြေင့် ဖုန်း ဝ၆၇ ၅၉၀၅၇၈၊ ဖက်စ်ဖုန်းနံပါတ် - ဝ၆၇ ၅၉၀၅၇၇ နှင့် အီးမေးလ်လိပ်စာ [email protected] တို့သို့ ဆက်သွယ်ပေးပို့နိုင်ကြကြောင်း သိရသည်။
Tachileik News Agency