မင္းသမီးအေနျဖင့္ Magic Skin ကုမၸဏီထုတ္အလွကုန္မ်ားကို ေၾကာ္ျငာရာတြင္ ထုိင္းႏုိင္ငံ၏ ၂၀၁၅ ခုႏွစ္ အလွကုန္အက္ဥပေဒကို ခ်ိဳးေဖါက္ေနသျဖင့္ ေထာင္ဒဏ္တစ္ႏွစ္ သို႔မဟုတ္ ဒဏ္ေၾကးေငြ ဘတ္တစ္သိန္း သို႔မဟုတ္ ဒဏ္ႏွစ္ရပ္လံုး က်ခံရႏုိင္ဖြယ္ရိွၿပီး မင္းသမီးက ေရွ႕ေနျဖင့္ အမႈရင္ဆုိင္ေနေၾကာင္း သိရသည္။
အဆိုေတာ္သရုပ္ေဆာင္မင္းသား၏ အဆီခ်ေဆးေၾကာ္ျငာမွာလည္း ၁၉၇၉ ခုႏွစ္ အစားအေသာက္ အက္ဥပေဒကို ခ်ိဳးေဖါက္ေနသျဖင့္ ေထာင္ဒဏ္သံုးႏွစ္ သို႔မဟုတ္ ေငြဒဏ္ ဘတ္သံုးေသာင္း သို႔မဟုတ္ ဒဏ္ႏွစ္ရပ္လံုးက်ခံရႏုိင္ဖြယ္ရိွေၾကာင္း သိရသည္။
၎အေနျဖင့္ ရဲတပ္ဖြဲ႕၏စံုစမ္းစစ္ေဆးအေရးယူမႈကို ပူးေပါင္းေဆာင္ရြက္ေနၿပီး ေဆးမ်ားကို ေၾကာ္ျငာလက္မခံမီက FDA ရရိွထားျခင္းရိွမရိွ စစ္ေဆးလက္ခံခဲ့ျခင္းျဖစ္ေသာ္လည္း ထုတ္ကုန္မွာ ဥပေဒႏွင့္မညီသည္ကို ေတြ႔လာရျခင္းျဖစ္သည္ဟု တရားရင္ဆုိင္ေနသည့္ မင္းသားကဆိုသည္။
Magic Skin ကုမၸဏီထုတ္အလွကုန္ပစၥည္းမ်ားကို အလြန္အမင္း လွည့္ဖ်ားေၾကျငာျခင္းႏွင့္ ပိန္ေဆးမ်ားေၾကာ္ျငာျခင္းတို႔ေၾကာင့္ ထုိင္းသရုပ္ေဆာင္ မင္းသား၊ မင္းသမီးႏွင့္ လူမႈကြန္ယက္တြင္ လူၾကည့္မ်ားသူ စုစုေပါင္း (၅၄)ဦးကို စံုစမ္းစစ္ေဆးခဲ့ၿပီးေနာက္ (၁၇)ဦးမွာ ထုိင္းဘတ္ေငြ (၅၀၀၀)စီ ဒဏ္ေၾကးေပးေဆာင္ေစျခင္းျဖင့္ အေရးယူထားေၾကာင္း သိရသည္။
ယင္းတုိ႔အနက္ (၁၃)ဦးမွာ အလွကုန္ပစၥည္းအား အလြန္အကၽြံလိမ္ညာေၾကာ္ျငာမႈျဖင့္ ေထာင္ဒဏ္မ်ားျဖင့္ ရင္ဆုိင္ရဖြယ္ရိွေၾကာင္း သိရသည္။
ထုိင္းႏုိင္ငံတြင္ အဆီက်ပိန္ေဆးမ်ားေၾကာ္ျငာျခင္းႏွင့္ အလွကုန္မ်ား၏ သက္ေရာက္မႈကို အလြန္အမင္းယံုၾကည္ေစရန္ ေၾကာ္ျငာျခင္းမ်ားကို တားျမစ္ထားျခင္းျဖစ္သည္။
Tachileik News Agency
Ref: Bangkok Post
~~~~~~~~⊰❂ Unicode Version ❂⊱~~~~~~~~
**********
ထိုင်းနိုင်ငံတွင် အလှကုန်ပစ္စည်းများနှင့် ပိန်ဆေးများကို လှည့်ဖျားကြော်ငြာFDA က တရားစွဲဆိုခံထားရသည့် ရုပ်ရှင်မင်းသား၊ မင်းသမီးများနှင့် ဆိုရှယ်မီဒီယာ၌ လူကြည့်များသူ စုစုပေါင်း (၃၇)ဦးတွင်ပါဝင်သည့် မင်းသမီး Kwan နှင့် အဆိုတော်သရုပ်ဆောင် Typhoon တို့ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့တွင် ကြားနာကြောင်း သိရသည်။
မင်းသမီးအနေဖြင့် Magic Skin ကုမ္ပဏီထုတ်အလှကုန်များကို ကြော်ငြာရာတွင် ထိုင်းနိုင်ငံ၏ ၂၀၁၅ ခုနှစ် အလှကုန်အက်ဥပဒေကို ချိုးဖေါက်နေသဖြင့် ထောင်ဒဏ်တစ်နှစ် သို့မဟုတ် ဒဏ်ကြေးငွေ ဘတ်တစ်သိန်း သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ကျခံရနိုင်ဖွယ်ရှိပြီး မင်းသမီးက ရှေ့နေဖြင့် အမှုရင်ဆိုင်နေကြောင်း သိရသည်။
အဆိုတော်သရုပ်ဆောင်မင်းသား၏ အဆီချဆေးကြော်ငြာမှာလည်း ၁၉၇၉ ခုနှစ် အစားအသောက် အက်ဥပဒေကို ချိုးဖေါက်နေသဖြင့် ထောင်ဒဏ်သုံးနှစ် သို့မဟုတ် ငွေဒဏ် ဘတ်သုံးသောင်း သို့မဟုတ် ဒဏ်နှစ်ရပ်လုံးကျခံရနိုင်ဖွယ်ရှိကြောင်း သိရသည်။
၎င်းအနေဖြင့် ရဲတပ်ဖွဲ့၏စုံစမ်းစစ်ဆေးအရေးယူမှုကို ပူးပေါင်းဆောင်ရွက်နေပြီး ဆေးများကို ကြော်ငြာလက်မခံမီက FDA ရရှိထားခြင်းရှိမရှိ စစ်ဆေးလက်ခံခဲ့ခြင်းဖြစ်သော်လည်း ထုတ်ကုန်မှာ ဥပဒေနှင့်မညီသည်ကို တွေ့လာရခြင်းဖြစ်သည်ဟု တရားရင်ဆိုင်နေသည့် မင်းသားကဆိုသည်။
Magic Skin ကုမ္ပဏီထုတ်အလှကုန်ပစ္စည်းများကို အလွန်အမင်း လှည့်ဖျားကြေငြာခြင်းနှင့် ပိန်ဆေးများကြော်ငြာခြင်းတို့ကြောင့် ထိုင်းသရုပ်ဆောင် မင်းသား၊ မင်းသမီးနှင့် လူမှုကွန်ယက်တွင် လူကြည့်များသူ စုစုပေါင်း (၅၄)ဦးကို စုံစမ်းစစ်ဆေးခဲ့ပြီးနောက် (၁၇)ဦးမှာ ထိုင်းဘတ်ငွေ (၅၀၀၀)စီ ဒဏ်ကြေးပေးဆောင်စေခြင်းဖြင့် အရေးယူထားကြောင်း သိရသည်။
ယင်းတို့အနက် (၁၃)ဦးမှာ အလှကုန်ပစ္စည်းအား အလွန်အကျွံလိမ်ညာကြော်ငြာမှုဖြင့် ထောင်ဒဏ်များဖြင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အဆီကျပိန်ဆေးများကြော်ငြာခြင်းနှင့် အလှကုန်များ၏ သက်ရောက်မှုကို အလွန်အမင်းယုံကြည်စေရန် ကြော်ငြာခြင်းများကို တားမြစ်ထားခြင်းဖြစ်သည်။
Tachileik News Agency
Ref: Bangkok Post