ထို္င္းႏုိင္ငံတြင္ လူဝင္မႈႀကီးၾကပ္ေရးစီမံခ်က္ျဖင့္ ေနရာေပါင္း (၂၀၀)ေက်ာ္ စစ္ေဆးမႈအတြင္း တရားမဝင္ ေနထုိင္သူ (၅၀၀)နီးပါး ဖမ္းမိ

ထို္င္းႏုိင္ငံတြင္ လူဝင္မႈႀကီးၾကပ္ေရးစီမံခ်က္ျဖင့္ ေနရာေပါင္း (၂၀၀)ေက်ာ္ စစ္ေဆးမႈအတြင္း တရားမဝင္ ေနထုိင္သူ (၅၀၀)နီးပါး ဖမ္းမိ
ဇွန် 21, 2019
By 🌸
ထုိင္းႏုိင္ငံတြင္ လူဝင္မႈႀကီးၾကပ္ေရးစီမံခ်က္ျဖင့္ ေနရာေပါင္း (၂၀၀)ေက်ာ္ကို ေရွာင္တခင္စစ္ေဆးမႈ လုပ္ေဆာင္ရာ တရားမဝင္ႏုိင္ငံျခားသားမ်ားႏွင့္ တရားမဝင္ ႏုိင္ငံျခားသားမ်ားကို လက္ခံထားသူ စုစုေပါင္း (၅၀၀)နီးပါးကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

အဆိုပါစီမံခ်က္ျဖင့္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၀)ရက္ေန႔ ညေနပိုင္းက ႏုိင္ငံတစ္ဝန္း ေနရာေပါင္း (၂၃၈)ေနရာ၌ ေရွာင္တခင္စစ္ေဆးမႈျပဳလုပ္ခဲ့ရာ ဗီဇာသက္တမ္းေက်ာ္လြန္ေနထုိင္သူ (၇)ဦး၊ ႏုိင္ငံတြင္း တရားမဝင္ ဝင္ေရာက္ေနထုိင္သူ (၂၉၅)ဦး၊ လူဝင္မႈႀကီးၾကပ္ေရးဥပေဒအရ ခြင့္ျပဳမထားသည့္ အလုပ္အကိုင္ လုပ္ကိုင္ေနသူ (၂၄)ဦး၊ တရားမဝင္ ႏုိင္ငံျခားသားမ်ားကို လက္ခံထားၿပီး သက္ဆုိင္ရာကို (၂၄)နာရီအတြင္း သတင္းမပို႔သူ (၉၈)ဦး၊ တရားဝင္ေဖၚျပထားသည့္ ေနရပ္လိပ္စာတြင္ မေနထုိင္သည့္ ႏုိင္ငံျခားသား (၂၆)ဦးႏွင့္ အျခား လူဝင္မႈႀကီးၾကပ္ေရးဥပေဒခ်ိဳးေဖါက္သူ (၂၈)ဦးတုိ႔ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

သက္ဆုိင္ရာတာဝန္ရိွသူမ်ားပါဝင္သည့္ပူးေပါင္းအဖြဲ႕မ်ားျဖင့္ ပညာေရးဆိုင္ရာအဖြဲ႕အစည္း (၄)ခု၊ ကုမၸဏီ (၈၆)ခု၊ ေဖ်ာ္ေျဖေရးလုပ္ငန္း (၁၂)ခု၊ ဟိုတယ္၊ ေနအိမ္ခန္း (၆၅)ခုႏွင့္ အျခားေနရာ စုစုေပါင္း (၇၁)ေနရာတုိ႔ကို ဝင္ေရာက္ရွာေဖြျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စစ္ေဆးရွာေဖြမႈမွာ မၾကာမီဘန္ေကာက္တြင္က်င္းပမည့္ ၃၄ ႀကိမ္ေျမာက္ အာဆီယံထိပ္သီးအစည္းအေဝးအတြက္ လံုၿခံဳေရးတိုးျမႇင့္ေဆာင္ရြက္မႈ တစ္စိတ္တစ္ပိုင္းျဖစ္ေၾကာင္းသိရသည္။

Tachileik News Agency

Ref: Chiangrai Times

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထို်င်းနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးစီမံချက်ဖြင့် နေရာပေါင်း (၂၀၀)ကျော် စစ်ဆေးမှုအတွင်း တရားမဝင် နေထိုင်သူ (၅၀၀)နီးပါး ဖမ်းမိ
*****************
ထိုင်းနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးစီမံချက်ဖြင့် နေရာပေါင်း (၂၀၀)ကျော်ကို ရှောင်တခင်စစ်ဆေးမှု လုပ်ဆောင်ရာ တရားမဝင်နိုင်ငံခြားသားများနှင့် တရားမဝင် နိုင်ငံခြားသားများကို လက်ခံထားသူ စုစုပေါင်း (၅၀၀)နီးပါးကို ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါစီမံချက်ဖြင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့ ညနေပိုင်းက နိုင်ငံတစ်ဝန်း နေရာပေါင်း (၂၃၈)နေရာ၌ ရှောင်တခင်စစ်ဆေးမှုပြုလုပ်ခဲ့ရာ ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူ (၇)ဦး၊ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူ (၂၉၅)ဦး၊ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ခွင့်ပြုမထားသည့် အလုပ်အကိုင် လုပ်ကိုင်နေသူ (၂၄)ဦး၊ တရားမဝင် နိုင်ငံခြားသားများကို လက်ခံထားပြီး သက်ဆိုင်ရာကို (၂၄)နာရီအတွင်း သတင်းမပို့သူ (၉၈)ဦး၊ တရားဝင်ဖေါ်ပြထားသည့် နေရပ်လိပ်စာတွင် မနေထိုင်သည့် နိုင်ငံခြားသား (၂၆)ဦးနှင့် အခြား လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖေါက်သူ (၂၈)ဦးတို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သည့်ပူးပေါင်းအဖွဲ့များဖြင့် ပညာရေးဆိုင်ရာအဖွဲ့အစည်း (၄)ခု၊ ကုမ္ပဏီ (၈၆)ခု၊ ဖျော်ဖြေရေးလုပ်ငန်း (၁၂)ခု၊ ဟိုတယ်၊ နေအိမ်ခန်း (၆၅)ခုနှင့် အခြားနေရာ စုစုပေါင်း (၇၁)နေရာတို့ကို ဝင်ရောက်ရှာဖွေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရှာဖွေမှုမှာ မကြာမီဘန်ကောက်တွင်ကျင်းပမည့် ၃၄ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွက် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းသိရသည်။

Tachileik News Agency
Ref: Chiangrai Times

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net