တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အပိုင်း ပါလျှံမီးပွိုင့်လမ်းဆုံ အနီးတစ်ဝိုက်တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ လမ်းတိုးချဲ့မှုများ ပြုလုပ်ရာ လမ်းနှင့် မလွတ်ကင်းသည့် ဓါတ်တိုင်များအား မြို့မီးလင်းရေးမှ ရွှေ့ပြောင်းစိုက်ထူမှုကို ၂၀၁၉ခုနှစ် ဇွန်လ(၂၈)ရက်နေ့ နံနက်(၉)နာရီက စတင်က လျှပ်စစ်မီးဖြတ်တောက်၍ ဆောင်ရွက်နေလျက်ရှိသည်။
Tachileik News Agency
ဓါတ်ပုံ - ထက်ကျော်လင်း
အဆိုပါ လုပ်ငန်းဆောင်ရွက်နေစဉ် လျှပ်စစ်မီးအန္တရာယ်မဖြစ်ပေါ်ရေးအတွက် လျှပ်စစ်မီးဖြတ်တောက်ချိန်အား ဇွန်လ(၂၈)ရက်နေ့ နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ သတ်မှတ်ထားသော်လည်း သတ်မှတ်ချိန်မရောက်မီ လုပ်ငန်းအမြန်ဆုံးပြီးစီးပါကလည်း လျှပ်စစ်မီးကို စောလျင်စွာ လွတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့မီးလင်းရေး(ရုံးခွဲ)အပိုင်းတွင် ပါဝင်သည့် မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၂)တံတား အနီး မြို့ရှောင်လမ်းဘက်အခြမ်းရှိ မယ်ခေါင်ရပ်ကွက် နှင့် ရန်အောင်မြေရပ်ကွက်အပါအဝင် မြို့ပြင်ရပ်ကွက် နှင့် ကျေးရွာအုပ်စုများဖြစ်သည့် မိုင်းဖုန်း နှင့် မိုင်းကိုးကျေးရွာအုပ်စုများအထိ အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုကြောင့် လျှပ်စစ်မီးပြတ်တောက်နေလျက်ရှိသည်။
Tachileik News Agency
ဓာတ်ပုံ - ထက်ကျော်လင်း