Tachileik News Agency
******************
ထိုင်းနိုင်ငံ အရှေ့မြောက်ပိိုင်းဒေသဖြစ်သည့် လွိုင်မှ နာမည်ကြီးကျောင်းတစ်ခုတွင် ကျောင်းဆရာတစ်ဦးက ကျောင်းသားများကို လိင်ပိုင်းဆိုင်ရာနောင့်ယှက်သဖြင့် ကျောင်းသားမိဘများက တာဝန်ရှိသူများထံ တိုင်ကြားထားကြောင်း သိရသည်။
အဆိုပါ ကျောင်းဆရာက ကျောင်းသားများအား ကြိမ်ဖန်များစွာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားမှုများ ပြုလုပ်ခဲ့သည်ဟု ကျောင်းသားမိဘများက စွပ်စွဲထားခြင်းကို အဆိုပါကျောင်းဆရာက တုန့်ပြန်ခြင်းမရှိသေးဘဲ အတည်ပြုနိုင်ခြင်းမရှိသေးသဖြင့် ကျောင်းဆရာ၏အမည်ကို တာဝန်ရှိသူများက ထုတ်ဖေါ်ပြောကြားခြင်းမပြုသေးကြောင်း သိရသည်။
အဆိုပါကျောင်းဆရာက ၎င်းအားလိင်ပိုင်းဆိုင်ရာမြူဆွယ်မှုလုပ်ဆောင်ခဲ့သည့်အပြင် အခြားကျောင်းသားများကိုလည်း ယင်းကဲ့သို့လုပ်ဆောင်သည်ဟု သိရှိရကြောင်း (၁၅)နှစ်အရွယ်ကျောင်းသားတစ်ဦးက ပြောကြားထားသည်။
ကျောင်းသားမိဘများက လွိုင်အုပ်ချုပ်ရေးမှူးနှင့် ပညာရေးဌာန တာဝန်ရှိသူများအနေဖြင့် အဆိုပါ ကျောင်းဆရာအား ကျောင်းပြောင်းရွှေ့ပေးရန်၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့က တောင်းဆိုထားကြပြီး အဆိုပါ ကျောင်းဆရာအား ပြောင်းရွှေ့ပေးခြင်းမရှိပါက ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားသွားရန် ပြင်ဆင်နေကြကြောင်း သိရသည်။
Tachileik News Agency
Ref: The Nation