တာချီလိတ်ခရိုင်အတွင်း တာလေမြို့ပေါ်ရှိ ရပ်ကွက်(၃)တွင် သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များနေ၍ ခြင်ဆေးဖျန်းတာချီလိတ်ခရိုင်အတွင်း တာလေမြို့ပေါ်ရှိ ရပ်ကွက်(၃)တွင် သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များနေ၍ ခြင်ဆေးဖျန်း

တာချီလိတ်ခရိုင်အတွင်း တာလေမြို့ပေါ်ရှိ ရပ်ကွက်(၃)တွင် သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များနေ၍ ခြင်ဆေးဖျန်းတာချီလိတ်ခရိုင်အတွင်း တာလေမြို့ပေါ်ရှိ ရပ်ကွက်(၃)တွင် သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များနေ၍ ခြင်ဆေးဖျန်း
ဇူလိုင် 22, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် တာလေမြို့ပေါ်ရပ်ကွက်ဖြစ်သည့် ရပ်ကွက်(၃)တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၁၀)ဦးကျော်ရှိနေသည့်အတွက် ခြင်ဆေးဖျန်းခြင်းအား ၂၀၁၉ခုနှစ် ဇူလိုင်လ(၂၂)ရက်နေ့ နံနက်(၈)နာရီမှ ညနေ(၃)နာရီအထိ လုပ်ဆောင်ကြောင်း သိရသည်။

"တစ်ချို့ အိမ်တွေမှာက တစ်အိမ်တည်းကို (၂)ယောက်ကနေ (၃)(၄)ယောက်လောက်အထိ ဆက်တိုက်ဖြစ်နေတာကို တွေ့ရတယ်၊ တစ်ရပ်ကွက်လုံးမှာ ဆိုရင်တော့ (၁၀)ယောက်ကျော်လောက်ရှိတယ်၊ တုပ်ကွေးဖြစ်နေကြတာ၊ အဲ့ဒါနဲ့ ကျန်းမာရေးကို အကူအညီတောင်းပြီး  ဒီနေ့ ဖျန်းတာပါ၊ အဓိက ကတော့  တုပ်ကွေးဖြစ်တဲ့ အိမ်တွေကို ဦးစားပေးပြီး ဖျန်းတယ်၊ နောက်ပြီး ဖျန်းချင်တဲ့ အိမ်တွေကိုလည်း ဖျန်းပေးခဲ့ပါတယ်။"ဟု တာလေမြို့ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ဦးစိုင်းသန့်ဇင်လတ်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။


လတ်တလောတွင် တုပ်ကွေးရောဂါ ဖြစ်ပွားမှု (၁၀)ဦး ကျော်ရှိနေသည့် တာလေမြို့ ရပ်ကွက်(၃)တွင် အိမ်ခြေ(၃၁၀)အိမ်ရှိပြီး လူဦးရေမှာ (၁၅၂၀)ဦး ရှိကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါမှာ  ဗိုင်းရပ်စ်ပိုးကို သယ်ဆောင်လာသော ခြင်ကြားကိုက်ခံရလျှင် အရွယ်မရွေး ဖြစ်ပွားနိုင်သဖြင့်  ခြင်ကိုက်မခံရစေရန် သတိထားကာကွယ်သင့်ကြောင်း နှင့် ရောဂါပိုးသယ်ဆောင်သည့် ခြင်ကြားသည် ရေကြည်၊ ရေသေထဲတွင် ပေါက်ပွားပြီး ပေါက်ပွားနှုန်း အလွန်မြန်သဖြင့် အိမ်နှင့်အနီးဝန်းကျင်တွင် ခြင်ပေါက်ပွားစေနိုင်သည့်နေရာများ မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း သိရသည်။


Tachileik News Agency
ဓါတ်ပုံ - TZL



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် တာလမြေို့ပေါ်ရပ်ကွက်ဖြစ်သည့် ရပ်ကွက်(၃)တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၁၀)ဦးကျော်ရှိနေသည့်အတွက် ခြင်ဆေးဖျန်းခြင်းအား ၂၀၁၉ခုနှစ် ဇူလိုင်လ(၂၂)ရက်နေ့ နံနက်(၈)နာရီမှ ညနေ(၃)နာရီအထိ လုပ်ဆောင်ကြောင်း သိရသည်။

"တစ်ချို့ အိမ်တွေမှာက တစ်အိမ်တည်းကို (၂)ယောက်ကနေ (၃)(၄)ယောက်လောက်အထိ ဆက်တိုက်ဖြစ်နေတာကို တွေ့ရတယ်၊ တစ်ရပ်ကွက်လုံးမှာ ဆိုရင်တော့ (၁၀)ယောက်ကျော်လောက်ရှိတယ်၊ တုပ်ကွေးဖြစ်နကြေတာ၊ အဲ့ဒါနဲ့ ကျန်းမာရေးကို အကူအညီတောင်းပြီး ဒီနေ့ ဖျန်းတာပါ၊ အဓိက ကတော့ တုပ်ကွေးဖြစ်တဲ့ အိမ်တွေကို ဦးစားပေးပြီး ဖျန်းတယ်၊ နောက်ပြီး ဖျန်းချင်တဲ့ အိမ်တွေကိုလည်း ဖျန်းပေးခဲ့ပါတယ်။"ဟု တာလမြေို့ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ဦးစိုင်းသန့်ဇင်လတ်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

အဆိုပါ ရပ်ကွက်တွင် ခြင်ဆေးဖျန်းရာ မြို့မီးလင်းရေးကော်မတီက တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ လှူဒါန်းပေးထားသည့် ခြင်ဆေးဖျန်းစက်(၅)လုံးထဲမှ စက်အသစ်(၂)လုံး နှင့် ယခင်စက်(၁)လုံး အပါအဝင် စုစုပေါင်း စက်(၃)လုံး အသုံးပြု၍ ဖျန်းပေးခြင်း ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် တုပ်ကွေးရောဂါ ဖြစ်ပွားမှု (၁၀)ဦး ကျော်ရှိနေသည့် တာလမြေို့ ရပ်ကွက်(၃)တွင် အိမ်ခြေ(၃၁၀)အိမ်ရှိပြီး လူဦးရေမှာ (၁၅၂၀)ဦး ရှိကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါမှာ ဗိုင်းရပ်စ်ပိုးကို သယ်ဆောင်လာသော ခြင်ကြားကိုက်ခံရလျှင် အရွယ်မရွေး ဖြစ်ပွားနိုင်သဖြင့် ခြင်ကိုက်မခံရစေရန် သတိထားကာကွယ်သင့်ကြောင်း နှင့် ရောဂါပိုးသယ်ဆောင်သည့် ခြင်ကြားသည် ရကြေည်၊ ရေသေထဲတွင် ပေါက်ပွားပြီး ပေါက်ပွားနှုန်း အလွန်မြန်သဖြင့် အိမ်နှင့်အနီးဝန်းကျင်တွင် ခြင်ပေါက်ပွားစေနိုင်သည့်နေရာများ မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း သိရသည်။

ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ ဇူလိုင်လ (၂၂)ရက်နေ့ နေ့လယ် ၁၁)နာရီအထိ စာရင်းအရ သွေးလွန်တုပ်ကွေးလူနာစုစုပေါင်း (၃၅၆) ဦး ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ပြီး အသက်(၁၂)နှစ်အောက် ကလေးလူနာ (၁၉၀)ဦးနှင့် အသက်(၁၂)နှစ်အထက်လူနာ (၁၆၆)ဦးပါဝင်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - TZL

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net