ဓါးထိုးခံရသည့္ ေဟာင္ေကာင္ရုပ္ရွင္မင္းသား ဟြင္တဟြာက ၎အား ဓါးျဖင့္ထိုးသူကို အမႈဖြင့္မည္ မဟုတ္

ဓါးထိုးခံရသည့္ ေဟာင္ေကာင္ရုပ္ရွင္မင္းသား ဟြင္တဟြာက ၎အား ဓါးျဖင့္ထိုးသူကို အမႈဖြင့္မည္ မဟုတ္
ဇူလိုင် 23, 2019
By Tachileik News Agency

ဓါးထိုးခံရသည့္ နာမည္ေက်ာ္ေဟာင္ေကာင္ရုပ္ရွင္မင္းသား ယြင္တဟြာ၏ က်န္းမာေရးအေျခအေနမွာ တိုးတက္ေကာင္းမြန္လာၿပီျဖစ္ၿပီး ဓါးျဖင့္ထိုးသူကို အမႈဖြင့္အေရးယူမည္ မဟုတ္ေၾကာင္း ေျပာၾကားလိုက္သည္။

“ကၽြန္ေတာ္တုိ႔ အမႈဖြင့္သြားမွာေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ ဘာေၾကာင့္ ဒီလိုလုပ္တယ္ဆိုတာကိုေတာ့ သိခ်င္ပါတယ္”ဟု မင္းသား၏ မန္ေနဂ်ာက မီဒီယာမ်ားအားေျပာၾကားသည္။

ဝမ္းဗိုက္တြင္ ဒဏ္ရာရသြားသည့္ မင္းသားကို တရုတ္ႏုိင္ငံတြင္ ကနဦး ကုသေပးခဲ့ၿပီးေနာက္ ေဟာင္ေကာင္ရိွ ေဆးရံုသို႔ ျပန္လည္လႊဲေျပာင္းကုသခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ လက္ရိွတြင္ အေျခအေနေကာင္းမြန္ေန၍ ႏွစ္ရက္၊ သံုးရက္အတြင္း ေဆးရံုမွ ဆင္းရဖြယ္ရိွေၾကာင္း သိရသည္။

အသက္ (၆၄)ႏွစ္အရြယ္ မင္းသားက ၎အား ဓါးျဖင့္ထိုးသူအတြက္ ပို၍စိုးရိမ္ေနၿပီး လက္ရိွတြင္ ဖမ္းဆီးထိန္းသိမ္းခံထားရသည့္ တရားခံမွာ စိတ္မတည္မၿငိမ္ျဖစ္ေနေၾကာင္း သိရသည္။

တရုတ္ႏုိင္ငံေတာင္ပိုင္း၊ ဂြန္ေဒါင္းျပည္နယ္တြင္ ဇူလုိင္လ(၂၀)ရက္ေန႔က က်င္းပသည့္ ဆုိင္ဖြင့္ပြဲအခမ္းအနား၌ ဓါးထိုးခံရသည့္ ယြင္တဟြာမွာ ေဟာင္ေကာင္ရိွ ေဆးရံုတြင္ ဇူလုိင္လ (၂၁)ရက္ေန႔က ဒုတိယအႀကိမ္ ခြဲစိတ္ကုသမႈအၿပီး သက္သာလာျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref; Tha Nation


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဓားထိုးခံရသည့် နာမည်ကျော်ဟောင်ကောင်ရုပ်ရှင်မင်းသား ယွင်တဟွာ၏ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာပြီဖြစ်ပြီး ဓားဖြင့်ထိုးသူကို အမှုဖွင့်အရေးယူမည် မဟုတ်ကြောင်း ပြောကြားလိုက်သည်။

“ကျွန်တော်တို့ အမှုဖွင့်သွားမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာကိုတော့ သိချင်ပါတယ်”ဟု မင်းသား၏ မန်နေဂျာက မီဒီယာများအားပြောကြားသည်။

ဝမ်းဗိုက်တွင် ဒဏ်ရာရသွားသည့် မင်းသားကို တရုတ်နိုင်ငံတွင် ကနဦး ကုသပေးခဲ့ပြီးနောက် ဟောင်ကောင်ရှိ ဆေးရုံသို့ ပြန်လည်လွှဲပြောင်းကုသခဲ့ခြင်းဖြစ်ကြောင်းနှင့် လက်ရှိတွင် အခြေအနေကောင်းမွန်နေ၍ နှစ်ရက်၊ သုံးရက်အတွင်း ဆေးရုံမှ ဆင်းရဖွယ်ရှိကြောင်း သိရသည်။

အသက် (၆၄)နှစ်အရွယ် မင်းသားက၎င်းအား ဓားဖြင့်ထိုးသူအတွက် ပို၍စိုးရိမ်နပြေီး လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် တရားခံမှာ စိတ်မတည်မငြိမ်ဖြစ်နေကြောင်း သိရသည်။

တရုတ်နိုင်ငံတောင်ပိုင်း၊ ဂွန်ဒေါင်းပြည်နယ်တွင် ဇူလိုင်လ(၂၀)ရက်နေ့က ကျင်းပသည့် ဆိုင်ဖွင့်ပွဲအခမ်းအနား၌ ဓားထိုးခံရသည့် ယွင်တဟွာမှာ ဟောင်ကောင်ရှိ ဆေးရုံတွင် ဇူလိုင်လ (၂၁)ရက်နေ့က ဒုတိယအကြိမ် ခွဲစိတ်ကုသမှုအပြီး သက်သာလာခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref; Tha Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net