သတ္တုလုပ်ကွက်များ လုပ်ကိုင်ခွင့်သက်တမ်းတိုးခြင်းကို (၁)နှစ်ခွင့်ပြုပေးနေရာမှ (၆)လ တစ်ကြိမ်သာ ခွင့်ပြုပေးနိုင်ခြင်း အပါအဝင် မြန်မာ့သတ္တုတွင်းနည်းဥပဒေကို ပြင်ဆင်သည့် နည်းဥပဒေများကို ပြဌာန်းလိုက်ပြီဖြစ်သည်။
Tachileik News Agency
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာ့သတ္တုတွင်းဥပဒေ ပုဒ်မ ၃၉ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မြန်မာ့သတ္တုတွင်းနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်နေ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြင်ဆင်လိုက်သည့် နည်းဥပဒေများတွင် သတ္တုထွက်ရှိရာဒေသမှ ဒေသခံများအတွက် လူမှုရေးတာဝန်ယူဆောင်ရွက်မှုလုပ်ငန်း၊ အများပြည်သူများ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် အကြိုညှိနှိုင်းဆွေးနွေးခြင်းလုပ်ငန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများ၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဌာနအဖွဲ့အစည်းက သတ်မှတ်ပေးသည့်အတိုင်း လိုက်နာကျင့်သုံးရန်တို့ကို ပြင်ဆင်ထည့်သွင်းထားခြင်းဖြစ်သည်။
Tachileik News Agency