Nike အမွတ္တံဆိပ္ ဖိနပ္ အေမရိကန္ေဒၚလာ (၄)သိန္းေက်ာ္ျဖင့္ ဆိုသာဗီေလလံပြဲတြင္ စံခ်ိန္တင္ကာ ေလလံေအာင္

Nike အမွတ္တံဆိပ္ ဖိနပ္ အေမရိကန္ေဒၚလာ (၄)သိန္းေက်ာ္ျဖင့္ ဆိုသာဗီေလလံပြဲတြင္ စံခ်ိန္တင္ကာ ေလလံေအာင္
ဇူလိုင် 26, 2019
By Tachileik News Agency

၁၉၇၂ ခုႏွစ္က ထုတ္လုပ္ခဲ့သည့္ Nike အမွတ္တံဆိပ္ဖိနပ္တစ္ရံကို ဆိုသာဗီေလလံပြဲတြင္ အေမရိကန္ေဒၚလာ (၄)သိန္းေက်ာ္ျဖင့္ ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၂၃)ရက္ေန႔က စံခ်ိန္တင္ေလလံေအာင္သြားေၾကာင္း သိရသည္။

အဆိုပါ ဖိနပ္ကို Nike ကို ပူးတြဲတည္ေထာင္သူ ဘီလ္ဘိုဝါးမန္းက ၁၉၇၂ ခုႏွစ္ အိုလံပစ္အေျပးသမားမ်ားအတြက္ ထုတ္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ကေနဒါ ရင္းႏွီးျမဳပ္ႏွံသူႏွင့္ ကားစုေဆာင္းသူတစ္ဦးျဖစ္သည့္ မိုင္းလ္စ္နာဒဲလ္က အဆိုပါဖိနပ္ကို အေမရိကန္ေဒၚလာ (၄၃၇,၅၀၀)ျဖင့္ ေလလံဆြဲခဲ့သည့္အျပင္ ရွားပါးဖိနပ္ေပါင္း (၉၉)ရံကိုလည္း အေမရိကန္ေဒၚလာ (၈၅၀,၀၀၀) ျဖင့္ ေလလံဆြဲခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရိွေလလံဆြဲသြားသည့္ အေျပးဖိနပ္၏ ေလလံေစ်းႏႈန္းမွာ ဆိုသာဗီေလလံတြင္ စံခ်ိန္တင္ခဲ့ၿပီး  ၁၉၈၄ အိုလံပစ္ ဘတ္စကက္ေနာက္ဆံုးပြဲစဥ္တြင္ မိုက္ကယ္ေဂ်ာ္ဒန္ဝတ္ခဲ့သည့္ အေျပးဖိနပ္မွာ ၂၀၁၇ ခုႏွစ္က ကယ္လီဖိုးနီးယားတြင္ အေမရိကန္ေဒၚလာ (၁၉၀,၃၇၃)ျဖင့္ စံခ်ိန္တင္ခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
Ref: The Guardian


~~~~~~~⊰❂ Unicode Version ~~~~~~~~

၁၉၇၂ ခုနှစ်က ထုတ်လုပ်ခဲ့သည့် Nike အမှတ်တံဆိပ်ဖိနပ်တစ်ရံကို ဆိုသာဗီလေလံပွဲတွင် အမေရိကန်ဒေါ်လာ (၄)သိန်းကျော်ဖြင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့က စံချိန်တင်လေလံအောင်သွားကြောင်း သိရသည်။

အဆိုပါ ဖိနပ်ကို Nike ကို ပူးတွဲတည်ထောင်သူ ဘီလ်ဘိုဝါးမန်းက ၁၉၇၂ ခုနှစ် အိုလံပစ်အပြေးသမားများအတွက် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကနေဒါ ရင်းနှီးမြုပ်နှံသူနှင့် ကားစုဆောင်းသူတစ်ဦးဖြစ်သည့် မိုင်းလ်စ်နာဒဲလ်က အဆိုပါဖိနပ်ကို အမေရိကန်ဒေါ်လာ (၄၃၇,၅၀၀)ဖြင့် လေလံဆွဲခဲ့သည့်အပြင် ရှားပါးဖိနပ်ပေါင်း (၉၉)ရံကိုလည်း အမေရိကန်ဒေါ်လာ (၈၅၀,ဝဝဝ) ဖြင့် လေလံဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိလေလံဆွဲသွားသည့် အပြေးဖိနပ်၏ လေလံဈေးနှုန်းမှာ ဆိုသာဗီလေလံတွင် စံချိန်တင်ခဲ့ပြီး ၁၉၈၄ အိုလံပစ် ဘတ်စကက်နောက်ဆုံးပွဲစဉ်တွင် မိုက်ကယ်ဂျော်ဒန်ဝတ်ခဲ့သည့် အပြေးဖိနပ်မှာ ၂၀၁၇ ခုနှစ်က ကယ်လီဖိုးနီးယားတွင် အမေရိကန်ဒေါ်လာ (၁၉၀,၃၇၃)ဖြင့် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
Ref: The Guardian

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net