ဘန်ကောက်ရောက် မင်းအောင်လှိုင် အစည်းအဝေးအပြီး ညဆက်မအိပ်တော့ဘဲ ညပိုင်းအချိန်ကြီး ပြန်ရောက်လာ

ဘန်ကောက်ရောက် မင်းအောင်လှိုင် အစည်းအဝေးအပြီး ညဆက်မအိပ်တော့ဘဲ ညပိုင်းအချိန်ကြီး ပြန်ရောက်လာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့်  BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သော အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် အစည်းအဝေးအပြီး ညဆက်မအိပ်တော့ဘဲ မြန်မာနိုင်ငံသို့ ညပိုင်းအချိန်ကြီးတွင် ပြန်ရောက်လာကြောင်း သိရသည်။

၎င်းသည် ဘန်ကောက်သို့ သွားမည့် အကြောင်းကို ၂၀၂၅ခုနှစ် ဧပြီလ(၂)ရက်နေ့မှသာ အနီးကပ် အသိပေးခြင်းဖြစ်ပြီး ယင်းနောက်  ဧပြီလ(၃)ရက်နေ့တွင်  ဘန်ကောက်သို့ သွားရောက်ခဲ့ခြင်း ဖြစ်ကာ ဧပြီလ(၃)ရက်နေ့ ညပိုင်း (၁)ညအိပ်ပြီး ဧပြီလ(၄)ရက်နေ့၏ အစည်းအဝေးအပြီး ညပိုင်း ဆက်မအိပ်တော့ဘဲ ပြန်ရောက်လာခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်၏ ပြည်ပပြန် ခရီးစဉ်တိုင်းတွင် အိုးစည်ဗုံးမောင်းများ တီးခတ်ပြီး စစ်မှုထမ်းဟောင်းများနှင့် စစ်တပ်ကို ထောက်ခံသည့် အနုပညာရှင်များက ကြိုဆိုလေ့ ရှိသော်လည်း ယခုအခါ ညပိုင်းအချိန်ကြီး ပြန်လာ၍ ၎င်းအား လူတစ်စုကသာ ဖြစ်သလို ကြိုဆိုခဲ့ကြသည်ကို တွေ့ရသည်။