၂၀၂၅ ခုနှစ် ဧပြီလ (၄)ရက်နေ့တွင် ဘန်ကောက်၌ ကျင်းပမည့် ဘမ်းစတက်ထိပ်သီးဆွေးနွေးပွဲကို စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် လာတက်မည်ဖြစ်ကြောင်း The Nation သတင်းက ဧပြီလ(၂)ရက်နေ့တွင် ဖေါ်ပြထားသည်။
စစ်ခေါင်းဆောင်က မည်သည့်နေ့တွင် ဘန်ကောက်သို့ လာမည်ကိုမူ အတည်မပြုနိုင်သေးကြောင်း သတင်းတွင် ဖေါ်ပြထားသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်အား အသိအမှတ်ပြုသည့် သဘောသက်ရောက်နိုင်သဖြင့် ဆွေးနွေးပွဲ ဖိတ်ကြားခြင်း မပြုရန် ထိုင်းအစိုးရအား အရပ်ဖက်အဖွဲ့အစည်းပေါင်း (၃၀၀)နီးပါ၏ တောင်းဆိုမှုများ ရှိနေသည်ကို တွေ့ရသည်။
နိုင်ငံအတွင်း မတ်လ (၂၈)ရက်နေ့က လှုပ်ခတ်သည့် အင်အားပြင်းငလျင်ကြောင့် အပျက်အစီးပုံများအောက် ပိတ်မိနေသူများအား အချိန်မီအသက်ရှင်လျှက် ကယ်တင်နိုင်ရေးအတွက် ကယ်ဆယ်ရေးအင်အား၊ နည်းပညာ၊ ပံ့ပိုးမှု မလုံမလောက်ဖြစ်နေဆဲဖြစ်သည်။