မြန်မာငလျင်ဘေး ကူညီမည့် ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ ပြည်ဝင်ခွင့် မရ၍ လက်လျှော့လိုက်ရ

မြန်မာငလျင်ဘေး ကူညီမည့် ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ ပြည်ဝင်ခွင့် မရ၍ လက်လျှော့လိုက်ရ



 

မြန်မာနိုင်ငံ ငလျင်ဘေး ကူညီကယ်ဆယ်ရေးအတွက် ငလျင်စဖြစ်သည့်နေ့ကတည်းက အဆင်သင့်ဖြစ်နေသည့် ထိုင်ဝမ်မှ ကယ်ဆယ်ရေးအဖွဲ့မှာ ပြည်ဝင်ခွင့်မရသဖြင့် လက်လျှော့လိုက်ရပြီဖြစ်ကြောင်း CNA သတင်းတွင် ဖေါ်ပြထားသည်။

ဆရာဝန်၊ သူနာပြုနှင့်  ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် ထိုင်ဝမ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် ငလျင်ဘေးသင့်သည့် ၂၀၂၅ ခုနှစ် မတ်လ (၂၈)ရက်နေ့ကတည်းက အသင့်အနေအထားဖြင့် ပြင်ဆင်စောင့်ဆိုင်းနေခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ လာရောက်ကူညီရေးအတွက် လေဆိပ်တွင် (၄၈)နာရီကြာ စောင့်ဆိုင်းခဲ့ပြီးနောက် ပြည်ဝင်ခွင့် မရကြသဖြင့် လက်လျှော့လိုက်ကြခြင်းဖြစ်သည်ဟု သိရသည်။

အဖွဲ့ဝင် (၁၂၆)ဦးပါဝင်သည့် အဆိုပါ ကယ်ဆယ်ရေးအဖွဲ့သည် ၂၀၂၃ ခုနှစ်က အင်အားပြင်း တူရကီငလျင်ဘေးတွင် ကူညီပေးခဲ့ကြသည့် အဖွဲ့ဖြစ်ကြောင်းလည်း သိရသည်။

မတ်လ (၂၈)ရက်နေ့က စစ်ကိုင်းနှင့် မန္တလေးကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ၇ ဒဿမ ၇ ရစ်ချ်တာစကေးရှိ အင်အားပြင်းငလျင်ကြောင့် အပျက်အစီးပုံများအောက် ပိတ်မိနေသူများမှာ ထိရောက်သည့် ရှာဖွေကယ်ဆယ်ရေးကို မရရှိကြဘဲဖြစ်နေခြင်းဖြစ်သည်။

Source: TaiwanPlus News