ထိုင်းအထူးတပ်ဖွဲ့ မြန်မာငလျင်ဘေး လာကူညီ

ထိုင်းအထူးတပ်ဖွဲ့ မြန်မာငလျင်ဘေး လာကူညီ
မတ် 30, 2025

မြန်မာ့ငလျင်ဘေးခံစားနေရသူများအတွက် ကယ်ဆယ်ရေးလုပ်ရန် ထိုင်းတော်ဝင်ကြည်းတပ်၏ အထူးတပ်ဖွဲ့ဝင် (၅၅)ဦးအား ယနေ့ ၂၀၂၅ ခုနှစ် မတ်လ (၃၀)ရက်နေ့တွင် စေလွှတ်ထားကြောင်း ထိုင်းသံရုံးထံမှ သိရသည်။ 

၎င်းတို့ကို မြန်မာနိုင်ငံသို့ အထူးလေယာဉ်ဖြင့် စေလွှတ်ခဲ့ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော သဘာဝဘေးဒဏ်အား လူသားချင်းစာနာမှုဖြင့်ကူညီလိုခြင်းနှင့် နေပြည်တော်၊ မန္တလေးရှိ အန္တရာယ်ကျရောက်နေသော ထိုင်းလူမျိုးများအား သွားရောက်ကယ်ဆယ်ရန်ဖြစ်သည်ဟု ဆိုသည်။ 

အထူးတပ်ဖွဲ့ထဲတွင် စီမံခန့်ခွဲရေးအဖွဲ့ ၊ စစ်ဗိုလ်များပါဝင်သောအဖွဲ့ ၊ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့ ၊ အရေးပေါ်ကူညီနိုင်ရန်ဆေးအဖွဲ့၊ ပျက်စီးဆုံးရှုံးမှုများအား စစ်ဆေးရေးအဖွဲ့နှင့် ဆက်သွယ်ရေးအဖွဲ့ တို့ပါဝင်သည်။ 

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း အသက်ဆုံးရှုံးရသူများ၊ ထိခိုက်နစ်နာသူများ၊ ပျောက်ဆုံးနေသူများ၊ ငလျင်ဘေးဒဏ်ခံနေရသူများနှင့်အတူ ထပ်တူဝမ်းနည်းပြီး အထောက်အပံ့နှင့် အကူညီများကို အစွမ်းကုန်ပေးအပ်သွားမည်ဟု ထိုင်းသံရုံးက ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo:Royal Thai Embassy, Yangon