စစ်ရေးအခြေအနေတင်းမာနေ၍ လွိုင်ကော်-ဆီဆိုင်လမ်းမ အသုံးပြုမှု ယာယီရပ်ဆိုင်းရန် KNDF သတိပေး

စစ်ရေးအခြေအနေတင်းမာနေ၍ လွိုင်ကော်-ဆီဆိုင်လမ်းမ အသုံးပြုမှု ယာယီရပ်ဆိုင်းရန် KNDF သတိပေး

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်နှင့် ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်ကို ဆက်သွယ်ထားသည့် လမ်းမကြီးတလျှောက်တွင် အချိန်မရွေး တိုက်ပွဲဖြစ်နိုင်ချေရှိနေ၍ အများပြည်သူအနေဖြင့် အသွားအလာ ယာယီရပ်ဆိုင်းထားကြရန် KNDF က ၂၀၂၅ ခုနှစ် မတ်လ (၂၀)ရက်နေ့ နေ့စွဲဖြင့် မေတ္တာရပ်ခံချက်တစ်စောင် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အဆိုပါ လမ်းမကြီးတလျှောက်တွင် စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှု နည်းလမ်းပေါင်းစုံဖြင့် ပြုလုပ်နေသဖြင့် အများပြည်သူ ထိခိုက်မှုမရှိစေရေးအတွက် မေတ္တာရပ်ခံချက်အား အလေးထားကြရန်ကိုလည်း အသိပေးထားသည်။

ယင်းလမ်းပိုင်းအသုံးပြုမှုအား ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းထားကြရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည်  နယ်မြေအများအပြား လက်လွှတ်ထားရသည့် ရှမ်း-ကရင်နီ (ကယား)နယ်စပ် မိုးဗြဲကို အင်အားသုံး၍ ထိုးစစ်ဆင်နေပြီး လေကြောင်း၊ ဒရုန်းများဖြင့်ပါ တိုက်ခိုက်နေခြင်းဖြစ်သည်။

#TachileikNewsAgency