ထိုင်းနိုင်ငံ ကန်ချနဘူရီတွင် ၂၀၂၅ ခုနှစ် မတ်လ (၂၁)ရက်နေ့အကူး နံနက်အစောပိုင်းက တာဝန်ရှိသူများ၏ အစစ်ဆေးမခံဘဲ မောင်းပြေးကာ တောတွင်းစွန့်ပစ်ထားခဲ့သည့် မော်တော်ယာဉ်ပေါ်၌ မြန်မာနိုင်ငံသား (၁၇)ဦးကို တွေ့ရှိရကြောင်း သိရသည်။
ထရပ်ကားတစ်စီးကို မသင်္ကာသဖြင့် စစ်ဆေးရန် တာဝန်ရှိသူများက တားမြစ်စဉ် မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ သစ်တောတစ်ခုအတွင်း ချောင်းအနီး၌ ကားကို ထားခဲ့ကာ ယာဉ်မောင်းထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်မောင်းစွန့်ပစ်သွားသည့် မော်တော်ယာဉ်ပေါ်တွင် ကလေး (၆)ဦးအပါအဝင် မြန်မာနိုင်ငံသား (၁၇)ဦးကို တွေ့ရှိရသည်ဟု သိရသည်။
ကလေးငယ် (၆)ဦးတွင် အသက်အငယ်ဆုံးမှာ တစ်နှစ်သားအရွယ်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံတွင်း အထောက်အထားမပါဘဲ ဝင်ရောက်ရန်အတွက် တစ်ဦးလျှင် ဘတ်တစ်သောင်းပေးဆောင်ခဲ့ကြရခြင်းဖြစ်သည်ဟု သိရသည်။
Source: Khaosod
#TachileikNewsAgency