နောင်ချိုမြို့ ဘုန်းကြီးကျောင်း ဗုံးကြဲခံရ သံဃာတော်များနှင့် အရပ်သားများ သေဆုံး 

နောင်ချိုမြို့ ဘုန်းကြီးကျောင်း ဗုံးကြဲခံရ သံဃာတော်များနှင့် အရပ်သားများ သေဆုံး 

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီလေတပ်က ဗုံးကြဲချ၍ သံဃာများနှင့် အရပ်သားများ သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်ကောင်စီလေတပ်က ယနေ့ ၂၀၂၅ ခုနှစ် မတ်လ (၁၆)ရက်နေ့ ညနေပိုင်းတွင် စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို ဗုံးကြဲချ၍ စက်သေနတ်ဖြင့် ပစ်ခတ်ရာ သံဃာတော် (၉)ပါးနှင့် အရပ်သား (၅)ဦး သေဆုံးသည်ဟု ဆိုသည်။

"တိုက်လေယာဉ်က အနိမ့်ဆုံးပျံပြီး ဗုံးကြဲပြီးတော့ စက်သေနတ်နဲ့ ပစ်တာ။ သံဃာတော် (၉) ပါးနဲ့ အရပ်သား (၅) ဦးသေတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် သံဃာတော် (၉)ပါးတွင် ကိုရင် (၈)ပါးနှင့် ဥူးဇင်း တစ်ပါး ပါဝင်သည်ဟု ဆိုသည်။

နောင်ချိုမြို့ စိန်ရတနာပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး(၄)လုံးနှင့် စက်သေနတ်များ လာရောက်ကြဲချ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း TNLAက ထုတ်ပြန်သည်။ 

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူလူထုအများအပြား ထိခိုက်မှုရှိပြီး နေအိမ်နှင့် ကျောင်းဆောင်လည်း ထိမှန်ပျက်စီးသွားသည်ဟု ကနဦးသတင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo:PSLF/TNLA News