ဘန်ကောက်မြို့မှ မဲဆောက်မြို့သို့ လေကြောင်းဖြင့်ရောက်ရှိလာသည့် နိုင်ငံခြားသား ၁၉ ဦးကို ပြန်လွှတ်

ဘန်ကောက်မြို့မှ မဲဆောက်မြို့သို့ လေကြောင်းဖြင့်ရောက်ရှိလာသည့် နိုင်ငံခြားသား ၁၉ ဦးကို ပြန်လွှတ်
ဖေဖော်ဝါရီ 24, 2025 | နယ်စပ်သတင်း| ကမ္ဘာ့သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မဲဆောက်မြို့သို့ လေကြောင်းဖြင့်ရောက်ရှိလာသည့် နိုင်ငံခြားသား (၁၉)ဦးကို ထိုင်းအာဏာပိုင်းများက ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၃)ရက်နေ့က ဖမ်းဆီးလိုက်သည်ဟု ထိုင်းသတင်းများအရ သိရသည်။

နိုင်ငံခြားသား(၁၉)ဦးတွင် တရုတ်နိုင်ငံသား(၁၆)ဦး၊ ကင်ညာနိုင်ငံသား (၂)ဦးနှင့် ယူဂန်ဒါနိုင်ငံသား တစ်ဦးတို့ပါဝင်ပြီး ထိုင်းအာဏာပိုင်များက စစ်ဆေး၍ ဘန်ကောက်မြို့သို့ ကားဖြင့်ပြန်လည်ပို့ဆောင်လိုက်သည်ဟု သိရသည်။

၎င်းတို့သည် မဲဆောက်မြို့သို့ လာရောက်လည်ပတ်ကြောင်း အထောက်အထား မပြသနိုင်သဖြင့် ကျားဖြန့်လုပ်ငန်းထံ ရောင်းစားခံရနိုင်သည်ဆိုသော သံသယရှိခြင်းကြောင့် ပြန်လွှတ်လိုက်ခြင်းဖြစ်သည်။

နိုင်ငံခြားသား‌များအနေဖြင့် မဲဆောက်မြို့သို့ လာရောက်လည်ပတ်မည်ဆိုပါက ဟိုတယ်ဘိုကင်လုပ်ရမည်ဖြစ်ပြီး သွားရောက်လည်ပတ်မည့်နေရာ၊ အချက်အလက်များကို ပြောပြနိုင်မှသာ လာရောက်လည်ပတ်ခြင်းအား ခွင့်ပြုသည်ဟု ဆိုသည်။

မြန်မာဘက်ခြမ်း BGF ထိန်းချုပ်ဒေသနှင့် DKBA ထိန်းချုပ်ဒေသတို့တွင် ကျားဖြန့်လုပ်ငန်းများအား နှိမ်နင်းနေချိန် ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်အတွင်း လုံခြုံရေးတင်းကြပ်၍ နိုင်ငံခြားသားများကို စစ်ဆေးနေခြင်းဖြစ်သည်။

မြဝတီဒေသရှိ ကျားဖြန့်အရေးကြောင့် မဲဆောက်မြို့နှင့် နယ်စပ်ဂိတ်များအားလုံးကို ထိုင်းအာဏာပိုင်များက လုံခြုံရေး တင်းကြပ်ထားသည်။

#TachileikNewsAgency