ချောင်းဦးမြို့အထွက်ရှိ မြပုလဲဂိတ်ကို တော်လှန်ရေးတပ်များ လက်နက်ကြီးနှင့်ပစ် 

ချောင်းဦးမြို့အထွက်ရှိ မြပုလဲဂိတ်ကို တော်လှန်ရေးတပ်များ လက်နက်ကြီးနှင့်ပစ် 

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အထွက် ခင်မွန်(မြပုလဲ)ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်က လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်သည်ဟု သိရသည်။

ချောင်းဦး-မုံရွာ လမ်းမပေါ်ရှိ ချောင်းဦးမြို့အထွက်ရှိ ခင်မွန်ရွာတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက်နေ့ ညနေပိုင်းတွင် ဒေသကာကွယ်ရေးတပ်များက (၆၀)မမ (၃) လုံးနှင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု သိရသည်။

“မြပုလဲဂိတ်လို့ပဲ လူတွေက သိကြပါတယ်။ အင်အားအများနဲ့ တပ်စွဲထားတဲ့နေရာပါ။ အဲဒီစခန်းက စစ်ကောင်စီ တပ်တွေက စစ်ကြောင်းထိုးတာကတော့ သိပ်မရှိဘူး။ လက်နက်ကြီး ရမ်းထုတာတွေ ပေါ်တာဆွဲတာတွေတော့ ရှိပါတယ်။”ဟု Snipe Rangers Force (Local - PDF) မှ ရဲဘော် ဆလိုင်း က Tachileik News Agency ကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိသည်ဟု မြေပြင်သတင်းပေးချက်အရ သိရကြောင်း Snipe Rangers Force (Local - PDF)က ထုတ်ပြန်ထားသည်။

 

တိုက်ခိုက်မှုကို Snipe Rangers Force (Local - PDF)၊ PGC နှင့် ရပ်ကျေး ပကဖများ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo:Snipe Rangers Force