ရှမ်း-မန်း စစ်ဆင်ရေးအတွင်း သိမ်းဆည်းရမိသည့် စစ်ကောင်စီ ချောဆွဲလာသည့် ပြည်သူပိုင်ကားအား ပိုင်ရှင်ထံသို့ ပ.က.ဖ ပြန်လည်အပ်နှံ

ရှမ်း-မန်း စစ်ဆင်ရေးအတွင်း သိမ်းဆည်းရမိသည့် စစ်ကောင်စီ ချောဆွဲလာသည့် ပြည်သူပိုင်ကားအား ပိုင်ရှင်ထံသို့ ပ.က.ဖ ပြန်လည်အပ်နှံ

ရှမ်း-မန်း စစ်ဆင်ရေးအတွင်း သိမ်းဆည်းရမိသည့် စစ်ကောင်စီ ချောဆွဲလာသည့် ပြည်သူပိုင်ကားအား ပိုင်ရှင်ထံသို့ ပြန်လည်အပ်နှံကြောင်း မိုးကြိုးစစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မတ္တရာ ပ.က.ဖ တိုက်နယ် (၃)ထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဇွန်လမှ စတင်သည့် ရှမ်း-မန်း စစ်ဆင်ရေးကာလအတွင်း မတ္တရာ-ဆည်တော် ကားလမ်းပိုင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိုင်းပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်တန်းကို မတ္တရာ ပ.က.ဖ တိုက်နယ် (၃)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ Cantar ကားတစ်စီး ၊ Mark (2) ကားတစ်စီးနှင့် ဖောကားတစ်စီး စုစုပေါင်း ကား (၃)စီး အပါအဝင် G-3 သုံးလက် ၊ MA-13 တစ်လက် စုစုပေါင်း သေနတ် (၄)လက်နှင့် စစ်သုံ့ပန်း (၄)ဦး ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိသည့် ကားများထဲမှ Cantar ကားသည် CDM ဆရာမတစ်ဦး ပိုင်ဆိုင်သည်ဟု သိရှိရသဖြင့် ၎င်းကားအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့တွင် ကားနှင့် ဆက်စပ်သည့် စာရွက်စာတမ်းများအား စစ်ဆေး၍ ပိုင်ရှင်ဖြစ်သူ CDM ကျောင်းဆရာမထံ ပြန်လည်အပ်နှံခဲ့ကြောင်း မတ္တရာ ပ.က.ဖ တိုက်နယ် (၃)က ဆိုသည်။

မတ္တရာ ပ.က.ဖ တိုက်နယ် (၃) အနေဖြင့် လက်ရှိ ရှမ်း-မန်း စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်လျက်ရှိပြီး ၊ အင်အားဖြည့်တင်းနိုင်ရန်အတွက် သင်တန်းသားအသစ်များ ထပ်မံခေါ်ယူလေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ မြို့သိမ်းတိုက်ပွဲများအတွက် ကြိုတင်စုဖွဲ့ပြင်ဆင်လေကျင့်နေပြီး ပြည်သူများအနေဖြင့် စစ်ရေးလိုအပ်ချက်များအတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန် တိုက်တွန်း အသိပေးထားသည်။

၂၀၂၄ ခုနှစ် ဇွန်လ (၂၅)ရက်နေ့မှ စတင်သည့် ရှမ်း-မန်း စစ်ဆင်ရေးအတွင်း တော်လှန်ရေးအင်အားစုများက ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ မန္တလေးတိုင်းမှ စဉ့်ကူး ၊ တကောင်းနှင့် သပိတ်ကျင်းမြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

#TachileikNewsAgency

#TNA_LE

Photo:မိုးကြိုးစစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့