ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ဘော်ဘင်ရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီစခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းပတ်နေစဉ် ဝင်ရောက်ပစ်ခတ်ကြောင်း ပဲခူးရိုးမအခြေပြု BTZM GBK PDF အဖွဲ့က ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၆) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ဇီးကုန်းမြို့နယ် ဘော်ဘင်ရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီစခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းပတ်နေစဉ် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့ ည (၇) နာရီတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပစ်ခတ်မှုအတွင်း စစ်ကောင်စီနှင့် ဘော်ဘင်ရွာပျူစောထီးများ အထိနာ၍ ထွက်ပြေးခဲ့ပြီး အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျန်ရှိသည့် ပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း BTZM GBK PDF အဖွဲ့က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအား တပ်ရင်း ၃၈၀၁ တပ်ခွဲ (၁) နတ်စစ်သည် တပ်ဖွဲ့ ၊ တပ်ရင်း ၃၈၀၂ မြေအောက် ပြောက်ကျားတပ်ဖွဲ့နှင့် BTZM GBK PDF ပဲခူးရိုမအခြေပြုတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency