KNDF စစ်ဗျူဟာအမှတ် ၈ အပတ်စဉ် ၅ မွမ်းမံသင်တန်းတွင် အမျိုးသမီး စစ်သည်များလည်းတက်ရောက်အောင်မြင်

KNDF စစ်ဗျူဟာအမှတ် ၈ အပတ်စဉ် ၅ မွမ်းမံသင်တန်းတွင် အမျိုးသမီး စစ်သည်များလည်းတက်ရောက်အောင်မြင်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် စစ်ဗျူဟာအမှတ် (၈)၏ အပတ်စဉ်(၅) မွမ်းမံသင်တန်းတွင် အမျိုးသမီး စစ်သည် (၃၀)ရာခိုင်နှုန်းအထိ ပါဝင် တက်‌ရောက် အောင်မြင်ကြောင်း သိရသည်။

KNDF ၏ အပတ်စဉ် (၅) မွမ်းမံသင်တန်းဆင်းပွဲကို ကရင်နီပြည်ရှိ လွတ်မြောက်နယ်မြေတစ်နေရာတွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ( ၂ ) ရက်နေ့ မနက် (၈)နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသားစစ်သည် (၁၀၀)ကျော် တက်ရောက်အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းသားစစ်သည်များအနက် အမျိုးသမီး စစ်သည်ပါဝင်မှုသည် ၃၀ ရာခိုင်နူန်းအထိ ရှိခဲ့ပြီး ထူးချွန်ဆုရရှိသည့် သင်တန်းသား (၉)ဦးတွင်လည်း အမျိုးသမီး စစ်သည်များသည် အမျိုးသားစစ်သည်များနှင့် တန်းတူ ထူးချွန်ဆုကို ရယူနိုင်ခဲ့ကြောင်း သိရသည်။

၎င်းသင်တန်းဆင်းပွဲတွင် စစ်ဗျူဟာ အမှတ် (၁) နှင့် အမှတ် (၈) ဗျူဟာမှူးများ၊ စစ်နည်းဗျူဟာမှူးများ၊ ရှမ်းတောင်ပြည်သူ့ကာကွယ်ရေးတပ် စစ်ဦးစီးချုပ်၊ ကရင်နီပြည် အမှတ်(၁၁) ရဲဌာန ဒုစခန်းမှူး၊ တပ်ရင်းအသီးသီးရှိ တပ်ဗိုလ်၊ တပ်မှူးများနှင့် ရပ်မိရပ်ဖများလည်း တက်ရောက်အားပေးဂုဏ်ပြုခဲ့ကြပြီး ၊ မွမ်းမံသင်တန်းတွင် စစ်ဗျူဟာရှိ တပ်သားများအပြင် တပ်သားအသစ်များလည်း ပူးပေါင်းပါဝင်တက်ရောက်နိုင်ခဲ့ကြောင်း သိရှိရသည်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်လိုသော လူငယ်များ များပြားလာသောကြောင့် ယူနီဖောင်းများနှင့် လက်နက်ခဲယမ်းများ လိုအပ်ချက်ရှိလာပြီး အဆိုပါ လိုအပ်ချက်များကို ဖြည့်တင်းရာတွင် ပြည်သူများ ပါဝင်ကူညီနိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် စစ်ဗျူဟာအမှတ် (၈)က အသိပေးထားသည်။

#TachileikNewsAgency

Photo: KNDF Tactical Opreation Command - 8