ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့ ရေပြန်တက်လာပြီး နေအိမ်များနစ်မြုပ်နေဆဲဖြစ်ကာ ကျေးရွာတချို့မှာ အဆက်အသွယ်ပြတ်တောက်နေကြောင်း ဒေသခံကူညီရေးအသင်းများထံမှ သိရသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလဆန်းပိုင်းကတည်းက လင်းခေးတွင် နမ့်တိမ်ချောင်းရေတက်ကာ နေအိမ်များ နစ်မြုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
"လင်းခေးက လက်ရှိဘယ်မြို့နယ်မှ ရေမမြုပ်ခင် နမ့်တိမ်းချောင်းရေကြီးပြီး နေအိမ်တွေရေမြုပ်ခဲ့တယ်။ ရေကြီးချိန် လူပဲရွှေ့ပြေးရတယ်။ အခုရေပြန်ကျတော့ နေအိမ်တွေ ရွှံ့နုန်းတွေရှင်းကြ။ အခုရေပြန်တက်တယ်။"ဟု ဒေသခံကူညီရေးလုပ်ပေးနေသူတစ် ဦးက Tachileik News Agency ကိုပြောသည်။
ရေကြီးနစ်မြုပ်ခြင်းကြောင့် ဘုန်းကြီးကျောင်းများလည်း ရေမြုပ်ခြင်း၊ လမ်းပြိုကျခြင်းများလည်း ရှိကာ ယနေ့အထိ အဆက်သွယ်မရသေးသည့် ရွာများရှိသေးသည်ဟု သိရသည်။
လက်ရှိတွင် လင်းခေး-ဝမ်ဟတ် လမ်းကားသွားမရသေးသည့် အခြေအနေဖြစ်ပြီး လင်းခေးမြို့ရှိ နေအိမ်များ ရေမြုပ်နေဆဲဖြစ်သည်။
#TachileikNewsAgency
Photo: CJ