ကုန်စိမ်းများ ပြတ်လပ်ပြီး ဈေးနှုန်းအဆမတန် မြှင့်တက်ခဲ့သည့် တာချီလိတ်မြို့သို့ မယ်ဆိုင်ဘက်က ကုန်စိမ်းများ ပြန်လည် ဝင်ရောက်

Photo: สิริมงคล ปิงปิง แม่สาย
Photo: สิริมงคล ปิงปิง แม่สาย
ကုန်စိမ်းများ ပြတ်လပ်ပြီး ဈေးနှုန်းအဆမတန် မြှင့်တက်ခဲ့သည့် တာချီလိတ်မြို့သို့ မယ်ဆိုင်ဘက်က ကုန်စိမ်းများ ပြန်လည် ဝင်ရောက်
စက်တင်ဘာ 16, 2024 | ရှမ်းရှေ့

 တာချီလိတ်မြို့တွင် အဆိုးရွားဆုံး ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီးနောက် ကုန်စိမ်းများ ပြတ်တောက်ကာ ကုန်စိမ်းဈေးနှုန်းများ အဆမတန်မြှင့်တက်မှုများနှင့် ကြုံတွေ့ခဲ့ရာ ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ မယ်ဆိုင်ကနေ ကုန်စိမ်းများကို ဝယ်ယူပြီး မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားကနေ သယ်ဆောင်လာကြသည်ကို တွေ့ရသည်။

မည်သည့်ထွက်ကုန်မှ မရှိသည့် တာချီလိတ်မြို့သည် အိမ်နီးချင်း ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားငါးနှင့်ဟင်းသီးဟင်းရွက်များကို နေ့စဉ် ဝယ်ယူပြီး တာချီလိတ်သို့ ပြန်လည်ရောင်းချနေရခြင်းဖြစ်သည်။

မယ်ဆိုင်မှ အသားငါးနှင့်ဟင်းသီးဟင်းရွက်များကို တာချီလိတ်အပြင် တာလေ၊ မိုင်းဖြတ် နှင့် ကျိုင်းတုံမြို့များအထိပါ ပြန်လည်တင်ပို့မှုများအထိ ရှိသည်။

ပြီးခဲ့သည့် ရက်များက ရေကြီးရေလျှံမှုကြောင့် တံတား(၁)ပေါ် ရေဖုံးလွှမ်းသွားရာကနေ သွားလာ၍မရတော့သည့်အတွက် တာချီလိတ်မြို့တွင်းရှိ အသားငါးနှင့်ဟင်းသီးဟင်းရွက်များ ပြတ်တောက်သွားကာ ဈေးနှုန်းများမှာ အဆမတန်မြှင့်တက်ခဲ့ရခြင်း ဖြစ်သည်။



Photo: สิริมงคล ปิงปิง แม่สาย