ရေကြီးရေလျှံမှု ဖြစ်ပွားပြီး ရေများ ပြန်ကျနေသည့် တာချီလိတ်မြို့တွင် ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း၌ အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း သိရသည်။
နေအိမ်အတွင်း ရေအိုင်ထဲတွင် ပလက်အနေအထားဖြင့် သေဆုံးနေသည်ကို ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၅)ရက်နေ့ နေ့လည်(၁၂)နာရီဝန်းကျင်အချိန်က ရပ်ကွက်တွင်းနေသူများက တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးသူမှာ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း နေအိမ်အမှတ် ဆဆ(က) ၁/၁၀၁ တွင် နေထိုင်သူဖြစ်ပြီး မည်သည့်အကြောင်းကြောင့် သေဆုံးသည်ကိုတော့ မသိရသေးပေ။
ယခုလို သေဆုံးနေမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာများက လာရောက်ကြည့်ရှုစစ်ဆေးခြင်း မရှိသေးကြောင်း သိရသည်။