တာချီလိတ်မြို့ပေါ် ပုန်းထွန်ရပ်ကွက်ကနေ လွယ်တော်ခမ်းသို့ သွားရာလမ်းရှိ မယ်ဆိုင်ချောင်းဘေးမှ နေအိမ် တော်တော်များများ ရေထဲ မျောပါ ပြိုကျ ပျက်စီး

တာချီလိတ်မြို့ပေါ် ပုန်းထွန်ရပ်ကွက်ကနေ လွယ်တော်ခမ်းသို့ သွားရာလမ်းရှိ မယ်ဆိုင်ချောင်းဘေးမှ နေအိမ် တော်တော်များများ ရေထဲ မျောပါ ပြိုကျ ပျက်စီး
စက်တင်ဘာ 12, 2024 | ရှမ်းရှေ့

 တာချီလိတ်မြို့ပေါ် ပုန်းထွန်ရပ်ကွက်ကနေ လွယ်တော်ခမ်းသို့ သွားရာလမ်း တလျှောက်တွင် နေအိမ်နှင့်ကားများ ထိခိုက်ပြိုကျ ပျက်စီးနေသည်ကို ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရသည်။

 





၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကနေ စက်တင်ဘာလ (၁၂)ရက်နေ့အထိ ရေကြီးရေလျှံမှု ဖြစ်ပွားပြီး ရေစီးသန်မှုကြောင့် လွယ်တော်ခမ်းသွားရာ မယ်ဆိုင်ချောင်းဘေးတလျှောက်ရှိ နေအိမ်တော်တော်များများ ရေထဲ နစ်မြုပ်သလို ပြိုကျပျက်စီးမှုများ အထိပါ ဖြစ်ပွားကြောင်း သိရသည်။





လွယ်တော်ခမ်းတံတားမှာလည်း ပြိုကျပြီး ရေထဲမျှောပါသွားသည်ဟုသိရတော့လည်း အတည်မပြုနိုင်သေးပေ။





ယနေ့ စက်တင်ဘာလ(၁၂)ရက်နေ့၏ နံနက်ပိုင်းစပြီး နေ့လည်ပိုင်းအထိ ရေများ အနည်းငယ်စီ တဖြေးဖြေးကျလာနေပြီ ဖြစ်ကြောင်းလည်း သိရသည်။



#TachileiKNewsAgency