မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် လာအိုနိုင်ငံတွင် ရေကြီးနစ်မြုပ်နိုင်မည့် ဧရိယာများ ထပ်တိုးလာနေပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့အထိ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို လာအို စစ်တပ်က လေတပ် အပါအဝင် စစ်တပ်အင်အားနှင့် ရဲတပ်ဖွဲ့တို့ဖြင့် ဌာနအသီးသီးနှင့် ပူးပေါင်း၍ လုပ်ဆောင်ပေးနေကြောင်း သိရသည်။
လက်ရှိအချိန်ထိ ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်ကာ ရေကြီးနစ်မြုပ်မှုအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်နေသည်ဟု သိရသည်။
လာအိုလေတပ်က လေယာဉ် (၄)စင်းဖြင့် ကူညီကယ်ဆယ်ရေးလုပ်ပေးနေသည်ဟု သိရသည်။
ယာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးနစ်မြုပ်မှုများဖြစ်ပွားနေခြင်းဖြစ်ပြီး မြို့တော် ဗီယင်ကျန်း နှင့် လောင်နမ်သာကြား လေကြောင်းပျံသန်းမှုများကိုပါ ယာယီပိတ်ထားရခြင်းဖြစ်သည်။
ရေကြီးနစ်မြုပ်မှုဒဏ်ကို ဆိုးဝါးစွာကြုံတွေ့နေရသည့် လောင်နမ်သာတွင် အရေးပေါ်ဆေးကုသရေးစခန်းများကိုပါ ဖွင့်လှစ်ပြီး အရေးပေါ်ကုသမှု၊ ကာကွယ်ဆေးထိုးနှံမှုများကို လုပ်ဆောင်ပေးနေသည်ဟု သိရသည်။
လာအို အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် ရေကြီးနစ်မြုပ်မှုများနှင့် ကြုံနေရပြီး လက်ရှီတွင်လည်း မဲခေါင်မြစ်ရေ အလျင်အမြန်တိုးလာနေကာ ဗီယင်တိုင်းနှင့် ထိုင်းနိုင်ငံ နွန်ခိုင်၊ ချင်းခန်တို့၌ စက်တင်ဘာလ (၁၄)ရက်နေ့၌ ရေကြီးနိုင်ဖွယ်ရှိနေသည်ဟု သတိပေးချက် ထုတ်ပြန်ထားသည်။
Source: Laotian Times
Photo: Lao Security News, Laophattana News