ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တွင်း တာချီလိတ် - မိုင်းဆတ် လမ်းပိုင်းရှိ ဆိုက်ခေါင်တံတားသည် ရေကြီးရေလျှံမှုနှင့်အတူ ရေတိုက်စားမှုကြောင့် ရေထဲပါသွားပြီး ပျက်စီးသွားကြောင်း သိရသည်။
မိုင်းဆတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့ကနေ ယနေ့ စက်တင်ဘာလ(၁၁)ရက်နေ့အထိ ရေကြီးရေလျှံမှု ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ် - မိုင်းဆတ် လမ်းပိုင်းရှိ နမ့်ကျန်းတံတားလည်း စက်တင်ဘာလ(၁၀)ရက်နေ့က ရေတိုက်စားသွားမှုကြောင့် ပျက်စီးကာ ရေထဲ ပါသွားကြောင်းလည်း သိရသည်။
တာချီလိတ် - မိုင်းဆတ်သွားလမ်းဖြစ်သည့် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ရေဖုံးလွှမ်းနေမှုနှင့်အတူ မိုင်းဆတ်အဝင်တွင်လည်း ရေကြီးကြီးရေလျှံမှုများနှင့် လမ်းတံတားများ ပျက်စီးနေမှုကြောင့် လက်တလောတွင် တာချီလိတ် - မိုင်းဆတ် သွားလာ၍ အဆင်ပြေနိုင်ဦးမည်မဟုတ်ကြောင်းသိရသည်။
Photo: Wai Yan Min, Thant Zin Hlaing