မြင်းခြံ-နွားထိုးကြီး ကားလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးအား လက်ပစ်ဗုံး တစ်လုံးနှင့်အတူ ဖမ်းဆီးရမိ

မြင်းခြံ-နွားထိုးကြီး ကားလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးအား လက်ပစ်ဗုံး တစ်လုံးနှင့်အတူ ဖမ်းဆီးရမိ
စက်တင်ဘာ 8, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း မြင်းခြံခရိုင် မြင်းခြံ-နွားထိုးကြီး ကားလမ်းပိုင်းတွင် တော်လှန်ရေးအင်အားစုများမှ နယ်မြေလုံခြုံရေး စစ်ဆေးရေးပြုလုပ်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးအား လက်ပစ်ဗုံး (၁)လုံးနှင့်အတူ ဖမ်းဆီးရမိကြောင်း မြင်းခြံခရိုင် အမှတ် (၂)တပ်ရင်း တပ်ခွဲ (၃) Myingyan Ranger အဖွဲ့ထံမှ သိရသည်။

မြင်းခြံ-နွားထိုးကြီး ကားလမ်းပိုင်းအား ၂၀၂၄ခုနှစ် စက်တင်ဘာလ (၆) ရက်နေ့တွင် တော်လှန်ရေးအင်အားစုများမှ ယာယီပိတ်ကာ နယ်မြေလုံခြုံရေး စစ်ဆေးရေးပြုလုပ်နေစဉ် မြင်းခြံမြို့ပေါ်မှလာသည့် ဆိုင်ကယ်တစ်စီးအား မသင်္ကာသဖြင့် တားစီးစစ်ဆေးခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦးအား လက်ပစ်ဗုံး (၁) လုံးနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရရှိသူ (၂)ဦးမှာ မြင်းခြံမြို့ပေါ်တွင် တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း Myingyan Ranger အဖွဲ့က ဆိုသည်။

အဆိုပါ စစ်ဆင်ရေးအား မြင်းခြံခရိုင် အမှတ် (၂) တပ်ရင်း တပ်ခွဲ (၃) Myingyan Ranger၊ မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်း ၊ Freedom Fighter Guerrilla Force (FFGF)နှင့် ရဲခေါင်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency