စစ်ကောင်စီ ဒုတပ်ကြပ်တစ်ဦး တန့်ဆည် ပကဖ ထံ လက်နက်နှင့် အလင်းဝင်

စစ်ကောင်စီ ဒုတပ်ကြပ်တစ်ဦး တန့်ဆည် ပကဖ ထံ လက်နက်နှင့် အလင်းဝင်
စက်တင်ဘာ 4, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းမှ ဒုတပ်ကြပ်တစ်ဦး လက်နက်ယူဆောင်ပြီး အလင်းဝင်လာကြောင်း တန့်ဆည်မြို့နယ် ပကဖ က ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၄)ရက်နေ့တွင် ထုတ်ပြန်သည်။ 

အလင်းဝင်လာသည့် ဒုတပ်ကြပ်သည် MA-1 တစ်လက်၊ ကျည်အိမ်နှင့်အတူ 5.56 ကျည် (၂၆)တောင့်ဖြင့်အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အလင်းဝင်လာသော ဒုတပ်ကြပ်အား တန့်ဆည်မြို့နယ်ပကဖမှ ငွေကျပ်သိန်း (၅၀)ဆုချီးမြှင့်ပြီး ကောင်းမွန်စွာစောင့်ရှောက်ထားသည်ဟု ဆိုသည်။

#TachileikNewsAgency

Photo:တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ