မုံရွာမြို့နယ်အတွင်းရှိ စစ်ကောင်စီအထိုင်စခန်းအား တော်လှန်ရေးတပ်များက ဒရုန်းဖြင့် တိုက်ခိုက်

မုံရွာမြို့နယ်အတွင်းရှိ စစ်ကောင်စီအထိုင်စခန်းအား တော်လှန်ရေးတပ်များက ဒရုန်းဖြင့် တိုက်ခိုက်
စက်တင်ဘာ 4, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွာ-မန္တလေးလမ်းပိုင်းရှိ စွမ်းရည်ထက် ဆီဆိုင်အနီး တပ်ဆွဲထားသည့် စစ်ကောင်စီအထိုင်စခန်းအား ဒရုန်း များဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ကြောင်း Brave Heart Army-BHA အဖွဲ့ထံမှ သိရသည်။

မုံရွာ - မန္တလေးလမ်းပိုင်းရှိ စွမ်းရည်ထက် ဆီဆိုင်အနီးတပ်ဆွဲထားသည့် စစ်ကောင်စီအထိုင်စခန်းအား ၂၀၂၄ ခုနှစ် သြဂုတ်လ ( ၃၀ ) ရက်နေ့တွင် တော်လှန်ရေးအင်အားစုများက Fixed Wings Drone များဖြင့် 60 mm ဗုံးသီး ( ၅ )လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား Brave Heart Army-BHA ဒရုန်း တပ်ဖွဲ့နှင့် မုံရွာခရိုင်အမှတ် (၂၄) တပ်ရင်း တပ်ခွဲ (၁) ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency