သီ​ပေါမြို့ကို စစ်ကောင်စီလေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရ 

သီ​ပေါမြို့ကို စစ်ကောင်စီလေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရ 

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသား (၂)ဦး သေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိကြောင်း TNLA ထံမှ သိရသည်။

 

ယနေ့ ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၇)ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီလေတပ်မှ Y-12 လေယာဥ်ဖြင့် ဗုံးအလုံး(၅၀)ကျော် လာရောက်ကြဲချခြင်းဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် ဂျက်ဖိုက်တာဖြင့်လည်း (၂)ကြိမ် လာရောက်ပြီး ဗုံး(၄)လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီပေါမြို့ အုတ်ကျင်းရပ်ကွက်ရှိ အသက် (၆၀)အရွယ် ဦးဖိုးလူနှင့် အသက်(၅၀)အရွယ် ဦးအောင်နိုင်တို့ (၂)ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး (၂)ဦး ဒဏ်ရာရသည်ဟု ဆိုသည်။ 

ထို့အတူ အုတ်ကျင်းရပ်ကွက်ရှိ အ.မ.က (၃)၊ အမှတ်(၃) အ.ထ.က စာသင်ကျောင်း တို့နှင့် ပန်းတိမ်တောင်(မြောက်) ရပ်ကွက်အတွင်း ဗုံးများကျရောက်ပေါက်ကွဲပြီး စာသင်ကျောင်းများနှင့် နေအိမ်များ ထိမှန်ပျက်စီးခဲ့သည်ဟု သိရသည်။ 

ဩဂုတ်လ (၁)ရက်နေ့မှ ယနေ့ သြဂုတ်လ (၂၇)ရက်နေ့ထိ သီပေါမြို့အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၂၁)ဦး သေဆုံးခဲ့ပြီး (၄၉)ဦးနီးပါး ထိမှန်ဒဏ်ရာရရှိခဲ့သည်။

#TachileikNewsAgency

Photo:PSLF/TNLA News