တရုတ်နိုင်ငံရှိ တက္ကသိုလ်တစ်ခုက အိမ်ထောင်ရေးဘွဲ့သစ် စတင်မိတ်ဆက်

တရုတ်နိုင်ငံရှိ တက္ကသိုလ်တစ်ခုက အိမ်ထောင်ရေးဘွဲ့သစ် စတင်မိတ်ဆက်
By Mr John

မွေးဖွားနှုန်း ကျဆင်းနေသည့် တရုတ်နိုင်ငံတွင် တက္ကသိုလ်တစ်ခုက အိမ်ထောင်ရေးဘွဲ့ အစီအစဥ်သစ်ကို မိတ်ဆက်လိုက်ကြောင်း သိရသည်။ 

အိမ်ထောင်ရေးနှင့် မိသားစုတန်ဖိုးများကို အကောင်းမြင်စေရန် အားထုတ်မှုတစ်ခုအဖြစ် တရုတ်နိုင်ငံ၏ ပြည်သူ့ရေးရာတက္ကသိုလ်က ဘွဲ့ကြိုသင်တန်း အစီအစဥ်တစ်ခုကို မကြာသေးမီက မိတ်ဆက်ခဲ့သည်။

ထိုဘွဲ့ကြိုသင်တန်းကို "အိမ်ထောင်ရေး ဝန်ဆောင်မှုများနှင့် စီမံခန့်ခွဲမှု" ဟု အမည်ပေးထားသည်။ 

တရုတ်တွင် အိမ်ထောင်ပြုနှုန်း ကျဆင်းနေမှုနှင့် ဆက်နွယ်နေသော ကလေးမွေးဖွားနှုန်း  သိသိသာသာ ကျဆင်းမှုကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းနေသည်။ 

ယခု မိတ်ဆက်လိုက်သည့် ဘွဲ့အသစ်တွင် ကျောင်းသားများအား အိမ်ထောင်ရေးနှင့် မိသားစုဘဝကို စီမံခန့်ခွဲခြင်းနှင့် ပံ့ပိုးခြင်းဆိုင်ရာ ပညာကို သင်ကြားပေးသွားမည်ဟု ဆိုသည်။

မီဒီယာများ၏ ဖော်ပြမှုအရ အိမ်ထောင်ရေးဘွဲ့ သင်ရိုးညွှန်းတမ်းတွင် ချစ်သူများကြား ဆက်ဆံရေး အကြံဉာဏ်ပေးခြင်း၊ မိသားစုဆိုင်ရာ၊ အိမ်ထောင်ရေးဥပဒေများနှင့် မိသားစုဘဝဖူလုံးရေးနှင့် ဆက်နွယ်သော လူမှုရေးရာမူဝါဒများ အပါအဝင် ကဏ္ဍများ ပါဝင်ကြောင်း သိရသည်။ 

တက္ကသိုလ်မှ အိမ်ထောင်ရေးဘွဲ့ ရရှိသွားသူများ အနေဖြင့် အိမ်ထောင်ရေးနှင့် မိသားစုတည်ဆောက်ပုံတို့ကို ပိုမိုနက်ရှိုင်းစွာ နားလည်စေရန် ရည်ရွယ်ပြီး တရုတ်နိုင်ငံတွင် မိသားစုများ၏ တည်ငြိမ်မှုနှင့် တိုးပွားမှုကို အကူအညီ ဖြစ်စေမည်ဟု ဆိုသည်။

Source: News9Live