ငါန်းဇွန်မြို့နယ် ကျွဲဇိမ်ကျေးရွာစာသင်ကျောင်းတွင် ဝင်ရောက်တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့်ဗုံးသီးပစ်ချတိုက်ခိုက်

ငါန်းဇွန်မြို့နယ် ကျွဲဇိမ်ကျေးရွာစာသင်ကျောင်းတွင် ဝင်ရောက်တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့်ဗုံးသီးပစ်ချတိုက်ခိုက်

မန္တလေးတိုင်း တံတားဦးခရိုင် ငါန်းဇွန်မြို့နယ် ကျွဲဇိမ်ကျေးရွာစာသင်ကျောင်းတွင် ဝင်ရောက်တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ကြောင်း Youths Of Mandalay (Y.O.M) ထံက သိရသည်။ 

ငါန်းဇွန်မြို့နယ် ကျွဲဇိမ်ကျေးရွာစာသင်ကျောင်းတွင် ဝင်ရောက်တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၄ခုနှစ် ဇူလိုင်လ (၃၀) ရက်နေ့ ညနေ (၃) နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီး (၄) လုံး ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိခဲ့ပြီး လူနာတင်ကား (၂)စီး စာသင်ကျောင်းအတွင်းသို့ ဝင်ရောက်သွားသည်ဟု ပြန်လည်ကြားသိရကြောင်း Youths Of Mandalay (Y.O.M) က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအား Youths Of Mandalay(Y.O.M)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၆) တပ်ခွဲ(၃)၊ နဂါးနီပြောက်ကျား (မြင်းခြံ) နှင့် ဧရာဝတီမင်းသားပြောက်ကျား အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency