ရေစကြိုမြို့နယ်တွင် ပျူစောထီးစခန်းသို့ ပို့ဆောင်မည့် ရိက္ခာများဖမ်းမိ

ရေစကြိုမြို့နယ်တွင် ပျူစောထီးစခန်းသို့ ပို့ဆောင်မည့် ရိက္ခာများဖမ်းမိ

မကွေးတိုင်း ရေစကြိုမြို့နယ်တွင် ပျူစောထီးစခန်းသို့ ပို့ဆောင်မည့် ရိက္ခာများနှင့်အတူ ပါလာသူ(၂)ဦးကို ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၄)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိသည်ဟု ရေစကြိုမြို့နယ် ပကဖ ထံမှ သိရသည်။

ယနေ့ နံနက်(၆)နာရီတွင် ခလရ(၂၅၇)မှ ဇီးတောရွာ ပျူစောထီးစခန်းသို့ ပို့ဆောင်မည့် ဆန်(၂၄)အိတ်၊ ဆီ(၄)ပုံး၊ ဆား(၂)အိတ်၊ ပဲ(၃)အိတ်နှင့် နိုဆီ(၅)ဖာတို့ကို တင်ဆောင်လာသည့် ကားတစ်စီးအား ဖမ်းဆီးရမိသည်ဟု သိရသည်။

ဇူလိုင်လ (၉)ရက်နေ့ကလည်း ရိက္ခာပို့ပြီး ပြန်လာသည့် မြိုင်မြို့နယ် လင်းကတော့နယ်မြေရဲစခန်းမှ စစ်ကောင်စီတပ်ကို ရေစကြိုမြို့နယ်အတွင်း တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၃)ဦးသေပြီး ၆၀ မမ၊ ၅.၅၆ ကျည်များ၊ MA ကျည်ဘောက်နှစ်ခု၊ ဖုန်းနှစ်လုံး၊ ငွေကျပ် (၂)သိန်းကျော်တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency