တပ်သားမှ ဗိုလ်မှူးကြီးအဆင့်အထိ အလင်းဝင်ပါက ၁၀ သိန်းမှ ၃၅ သိန်းအထိ ချီးမြှင့်မည်ဟု MNDAA ထုတ်ပြန်

တပ်သားမှ ဗိုလ်မှူးကြီးအဆင့်အထိ အလင်းဝင်ပါက ၁၀ သိန်းမှ ၃၅ သိန်းအထိ ချီးမြှင့်မည်ဟု MNDAA ထုတ်ပြန်
ဇူလိုင် 12, 2024 | 2021 Military Coup

စစ်ကောင်စီတပ်မှ အရာရှိနှင့် စစ်သားများ MNDAAထံ လက်နက်ချအလင်းဝင်ပါက ငွေကျပ်(၁၀)သိန်းမှ (၃၅)သိန်းအထိ ချီးမြှင့်မည်ဖြစ်ကြောင်း MNDAA က ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့တွင် ထုတ်ပြန်သည်။ 

မင်းအောင်လှိုင်၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်အများအပြားသည် MNDAA၏ ရှေ့တန်းတပ်ဖွဲ့ထံသို့ လာရောက် လက်နက်ချအလင်းဝင်သူများအတွက် MNDAAက လူသားချင်းစာနာသည့် ဆက်ဆံရေးများပေးပြီး အသက်အာမခံချက် အပြည့်အဝပေးမည်ဟု ဆိုသည်။

စစ်သည်များအဆင့်ဆိုပါက ငွေကျပ်(၁၀)သိန်းနှင့် လက်နက်နှင့်တကွ အလင်းဝင်လာသူအတွက် ငွေကျပ်(၁၅)သိန်း၊ ဒုဗိုလ်မှ ဗိုလ်ကြီးအဆင့်အထိ အလင်းဝင်လာသူအတွက် ငွေကျပ်သိန်း(၂၀)နှင့် လက်နက်နှင့်တကွ အလင်းဝင်လာပါက (၂၅)သိန်း၊ ဗိုလ်မှူးမှ ဗိုလ်မှူးကြီးအဆင့်အထိ သိန်း(၃၀)နှင့် လက်နက်နှင့်တကွ အလင်းဝင်လာပါက ငွေကျပ်(၃၅)သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း MNDAAက ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: The Kokang