ဆီဆိုင်မြို့ရှိ ခမရ ၄၂၄ စခန်းသိမ်းရုပ်သံ PNLA ဖော်ပြ

ဆီဆိုင်မြို့ရှိ ခမရ ၄၂၄ စခန်းသိမ်းရုပ်သံ PNLA ဖော်ပြ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ဆီဆိုင်မြို့ရှိ စစ်ကောင်စီတပ်၏ ခမရ(၄၂၄)တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်သည့် ‌ရုပ်သံမှတ်တမ်းကို PNLA က ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ဖော်ပြသည်။

အဆိုပါတပ်ရင်းကို PNLA သည် ပြီးခဲ့သည့် ဇန်နဝါရီလ (၂၆)ရက်နေ့တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့သည်။

လက်ရှိတွင် အဆိုပါတပ်စခန်းကို စစ်ကောင်စီတပ်များက ပြန်လည်ဝင်ရောက်အထိုင်ချနေပြီဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ပြန်လည်တိုက်ခိုက်နိုင်ရန် ဝေဟင်ကိုထိန်း မြေပြင်သိမ်း ကမ်ပိန်းအား ကူကြရန်လည်း PNLA က တိုက်တွန်းထားသည်။

#TachileikNewsAgency