ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း TNAL ၏ တပ်မဟာ (၂)စစ်ဒေသ နမ့်ဆန်မြို့နယ် ဟူးဆာအုပ်စု ဟိုက်တောင်ရွာတွင် မီးလောင်မှုဖြစ်ပွားပြီး ကလေးငယ် အပါအဝင် (၃)ဦး သေဆုံးသွားကြောင်း သိရသည်။
TNAL ၏ တပ်မဟာ (၂)စစ်ဒေသ နမ့်ဆန်မြို့နယ် ဟူးဆာအုပ်စု ဟိုက်တောင်ရွာတွင် ၂၀၂၄ခုနှစ် မေလ(၁၈)ရက်နေ့၏ နံနက်(၂)နာရီခွဲဝန်းကျင်အချိန်က မီးလောင်မှုဖြစ်ပွားခြင်း ဖြစ်သည်။
မီးကြွင်းမီးကျန်ကနေတဆင့် လေတိုက်ရာမှ မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း နှင့် မီးလောင်မှုကြောင့် အသက်(၅၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်(၆)နှစ်အရွယ် နှင့် အသက်(၄)နှစ်အရွယ် ကလေး(၂)ဦး စုစုပေါင်း မီးလောင် သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။
" အိမ်အတွင်းတွင် မြေးအဖွား (၄)ဦး နေထိုင်ကြပြီး ယာအေမန် အသက်(၅၄)နှစ်သည် နှလုံးရောဂါရှိသောကြောင့် မီးလောင်နေစဥ် နေအိမ်အတွင်းပင် သတိလစ်မေ့မြောကာ မီးလောင်သေဆုံးသွားသလို မြေးဖြစ်သူ မိုင်းအဇူ အသက်(၆)နှစ်နှင့် မိုင်းအိုက်ညီ အသက်(၄)နှစ်တို့နှစ်ဦးလည်း ကယ်တင်မည့်သူ မရှိသောကြောင့် မီးလောင်သေဆုံးသွားရခြင်း ဖြစ်ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မီးလောင်မှု ဖြစ်ပွားရာသို့ PSLF/TNLA ၏ နမ္မတူမြို့ မီးသတ်တပ်ဖွဲ့မှ သွားရောက် ရွာသူရွာသားများနှင့်အတူ ကူညီ ငြိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
Photo: TNLA