စစ်ကောင်စီနှင့် PNO က သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ ဒေသခံများကို ဓားစာခံလုပ်ထား

စစ်ကောင်စီနှင့် PNO က သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ ဒေသခံများကို ဓားစာခံလုပ်ထား

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ထမ်းယံနှင့် ပန်းအွန်းကျေးရွာမှ ဒေသခံများကို စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များက အပြင်ထွက်ခွင့်မပေးပဲ ဓားစာခံပြုလုပ်ထားကြောင်း PNLAထံမှ သိရ သည်။

စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့များသည် ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာနှင့် ပန်အွန်းကျေးရွာမှ ပြည်သူများကို တောင်ယာသို့ ပေးမသွားသည့်အပြင် ရွာပြင်ကိုလည်း ထွက်ခွင့်မပေးပဲ ပိတ်ပင်တားဆီးထားသည်ဟု သိရသည်။

“သူတို့က အိမ်ပေါ်တက်အိပ်တာလည်း ဖိနပ်မချွတ်ဘူး။ ထမင်း၊ဟင်းလည်း နေ့တိုင်းချက်ပေးရတယ်။ အပြောအဆိုလည်း တအားရိုင်းတယ်။ ရွာအပြင်မှာတွေ့တာနဲ့ တော်လှန်ရေးသမားလို့ သတ်မှတ်ပြီး ပစ်သတ်မယ်လို့လည်း ခြိမ်းခြောက်တယ်။ ရွာကနေ မြို့ကို ဆင်းတဲ့လမ်းမှာလည်း သူတို့ဂိတ်တွေက ပြည်သူတွေကို စစ်ဆေးတာ တအားရိုင်းပြီး ဖုန်းတွေသိမ်းတယ်။ ပိုက်ဆံတွေ တောင်းတယ်။”ဟု ဒေသခံတစ်ဦးကပြောကြောင်း PNLAက ဖော်ပြထားသည်။ 

ဒေသခံပြည်သူများကို တောင်ယာနှင့် ကျေးရွာအပြင်ဘက် တောတောင်အတွင်း တွေ့ရှိပါက တော်လှန်ရေးသမားအဖြစ် သတ်မှတ်ပြီး ပစ်ခတ်မည်ဟု ခြိမ်းခြောက်တားမြစ်ထားဟု သိရသည်။

#TachileikNewsAgency