စလင်းမြို့နယ် ပခက်တိုင်ကျေးရွာအုပ်ကြီး စစ်မှုထမ်းရန်နှိုးဆော်နေချိန် ဖမ်းဆီးခံရပြီး ပစ်ခတ်ခံရ

စလင်းမြို့နယ် ပခက်တိုင်ကျေးရွာအုပ်ကြီး စစ်မှုထမ်းရန်နှိုးဆော်နေချိန် ဖမ်းဆီးခံရပြီး ပစ်ခတ်ခံရ

မကွေးတိုင်း စလင်းမြို့တွင် ၂၀၂၄ခုနှစ် မတ်လ (၁၈)ရက်နေ့ ညနေပိုင်းက ကျေးရွာနေဒေသခံများအား စစ်မှုထမ်းရန် အသံချဲ့စက်ဖြင့် နှိုးဆော်နေသည့် ပခက်တိုင်ကျေးရွာအုပ်ကြီးအား ဝင်ရောက်ဖမ်းဆီးကာ ပစ်ခတ်လိုက်ကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ 

ပခက်တိုင်ကျေးရွာ အုပ်ကြီး မြင့်ထူး အသက်(၅၀)အား ဒေသခံများ၏ တိုင်ကြားချက်အရ စောင့်ကြည့်အခြေအနေမှ ယမန်နေ့ ညနေပိုင်းတွင် ကျေးရွာနေပြည်သူများအား အသံချဲ့စက်ဖြင့် စစ်မှူထမ်းရန်နှိုးဆော်နေစဥ် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“သေနတ်ထောက်ဖမ်းဆီးပြီး ရှင်းလင်းခဲ့တာပါ။ ည(၁၀)နာရီ မိနစ်(၃၀)မှာ သရက်တောတိုက်နယ်၊ ပခက်တိုင် ကျေးရွာ (ကပစ ၂၁)အနီးမှာ ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။ အတိုနဲ့ (၃)ချက်ရှင်းလင်းနိုင်ခဲ့တယ်။ မိုက်နဲ့ ပြည်သူလူထုအား နှိုးဆော်သူမို့ မိုက်တပ်ပြီး ရှင်းလင်းပစ်ခတ်ခဲ့ပါတယ်။”ဟု စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

အဆိုပါအုပ်ကြီးထံမှ အတို(လက်လုပ်)တစ်လက်နှင့် icon တစ်လုံးကို သိမ်းဆည်းရရှိခဲ့ပြီး ထပ်မံ၍ ပြည်သူလူထုအား မတရားသဖြင့် အာဏာသုံးသည့် အခြားအုပ်ချုပ်ရေးမှူးများကိုလည်း စောင့်ကြည်နေကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားသည်။

#TachileikNewsAgency