မြန်မာစစ်ကောင်စီ တပ်သားများ နယ်စပ်ဖြတ် ထွက်ပြေးလာမှုများလာခြင်းကြောင့် အိန္ဒိယက မြန်မာနယ်စပ်ကို ခြံစည်းရိုးကာတော့မည်

ပုံအညွှန်း - မြန်မာစစ်ကောင်စီ တပ်သားများ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးသွားကြသည့် ပုံများ

ဇန်နဝါရီ 21, 2024 | နိုင်ငံတကာသတင်း

အိန္ဒိယ- မြန်မာနယ်စပ်တွင် နှစ်နိုင်ငံ လွတ်လပ်စွာ သွားလာခွင့်ကို ရုပ်သိမ်းပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ်နည်းတူ သံဆူးကြိုး ခြံစည်းရိုးခတ်မည်ဟု အိန္ဒိယပြည်ထဲရေးဝန်ကြီးက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့တွင် ပြောကြားလိုက်သည်။

"အိန္ဒိယ - မြန်မာနယ်စပ်ကို နယ်စပ်ခြံစည်းရိုးကာဖို့ နာဒီရာမိုဒီအစိုးရက ဆုံးဖြတ်ထားပါပြီ။ နယ်စပ်တလျှောက်လုံးကို ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာလို သံဆူးကြိုးစည်းရိုးခတ်သွားမှာပါ”ဟု ပြည်ထဲရေးဝန်ကြီးက ပြောကြားထားခြင်းဖြစ်သည်။

ပုံအညွှန်း - မြန်မာစစ်ကောင်စီ တပ်သားများ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးသွားကြသည့် ပုံများ

“မြန်မာနဲ့ နှစ်နိုင်ငံနယ်စပ်မှာ လွတ်လပ်စွာ သွားလာခွင့်ပေးထားတာကိုလည်း ပြန်သုံးသပ်နေပါတယ်”ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

အိန္ဒိယ - မြန်မာနယ်စပ်တွင် နေထိုင်သူများ အနေဖြင့် နှစ်နိုင်ငံနယ်စပ် (၁၆) ကီလိုမီတာစီ အကွာအဝေးအတွင်း ဗီဇာမပါဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုထားခြင်းဖြစ်သည်။

အိန္ဒိယဘက်ရှိ အရူနာချာပရာဒေ့ရှ်၊ နာဂလန်း၊ မဏိပူရ်နှင့် မီဇိုရမ်ပြည်နယ် (၄)ခု၏ ကီလိုမီတာ (၁၆၀၀)ကျော်မှာ မြန်မာနှင့် နယ်နမိတ်ထိစပ်နေခြင်းဖြစ်သည်။

ပုံအညွှန်း - မြန်မာစစ်ကောင်စီ တပ်သားများ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးသွားကြသည့် ပုံများ

အစောပိုင်းကာလများက မြန်မာနယ်စပ် ကီလိုမီတာ (၃၀၀) ကို ခြံစည်းရိုးကာရန် အိန္ဒိယဘက်က စဉ်းစားနေခဲ့ခြင်းဖြစ်သည်။

မြန်မာဘက်တွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလက စစ်အာဏာသိမ်းမှုကြောင့် ထွက်ပြေးခိုလှုံလာကြသည့် မြန်မာနိုင်ငံသား (၃)သောင်းကျော်မှာ မီဇိုရမ်တွင် ရှိနေပြီး မဏိပူရ်တွင်လည်း ခိုလှုံနေကြကြောင်း သိရသည်။

ယင်းအပြင် အိန္ဒိယနယ်စပ်အနီး မြန်မာဘက်ခြမ်းရှိ စစ်ကောင်စီတပ်စခန်းများမှ စစ်ကောင်စီတပ်သားများကလည်း တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ခိုက်မှုအတွင်း နယ်စပ်ဖြတ်ကျော်ကာ အိန္ဒိယဘက် ထွက်ပြေးလာကြသဖြင့် အိန္ဒိယအစိုးရက မြန်မာဘက်ကို ပြန်ပို့ခဲ့ရသည်။

Source: The Tribune