တောင်သာမြို့နယ်တွင် ရဲနှစ်ဦးပစ်ခတ်ခံရပြီးသေဆုံး

တောင်သာမြို့နယ်တွင် ရဲနှစ်ဦးပစ်ခတ်ခံရပြီးသေဆုံး
ဇန်နဝါရီ 1, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့ နံနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရကာ သေဆုံးသွားကြောင်း သိရသည်။

တောင်သာမြို့နယ် ကျောဇီကျေးရွာရဲစခန်းမှပြန်‌လာသော ရဲတပ်ဖွဲ့ဝင်(၂)ဦးအား မြင်းခြံခရိုင် အမှတ်(‌၃)တပ်ရင်းနှင့် မဟာမိတ်ဖွဲ့များက ‌စောင့်ကြိုပစ်ခတ်ခဲ့ရာ နှစ်ဦးလုံးသေဆုံးသွားကြောင်း MGN District-MDA 3 ထံမှ သိရသည်။

သေဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင်များမှာ တပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦးတို့ဖြစ်ပြီး ၎င်းတို့ထံမှ လက်ပစ်ဗုံး တစ်လုံး၊ ငွေသားတစ်သိန်းခန့်နှင့် မှတ်ပုံတင်များ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ်-၃ တပ်ရင်းနှင့်အတူ တောင်သာမြို့နယ်ပကဖ၊ ပုဂံဘီလူးအဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency