ဂန့်ဂေါတွင် စစ်ကောင်စီတပ်နှင့် ပျူ‌စောထီးပူးပေါင်းစခန်းကို တော်လှန်ရေးတပ်များ ဝင်တိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ဂန့်ဂေါတွင် စစ်ကောင်စီတပ်နှင့် ပျူ‌စောထီးပူးပေါင်းစခန်းကို တော်လှန်ရေးတပ်များ ဝင်တိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန့်သက်ရွာအနီးတပ်စွဲနေသည့် စစ်ကောင်စီနှင့်‌‌ ပျူစောထီးတပ်စခန်းကုန်းအား တော်လှန်ရေးတပ်များက ၂၀၂၃ခုနှစ် စက်တက်ဘာလ (၁၈)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ခဲယမ်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

၎င်းတပ်စခန်းကို ဂန့်ဂေါခရိုင် အမှတ် (၇၊ ၁၈၊ ၁၉)တပ်ရင်း၊ CDF မင်းတပ် တပ်ရင်း(၂)၊ ပုံတောင်ဂဠုန်နှင့် ပုံညာမုန်တိုင်း ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က (၂၀)မိနစ်ကြာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းအား စွန့်ခွာထွက်‌ပြေးသွားသဖြင့် စခန်းအတွင်းမှ ကာဘိုင် (၉)လက်၊ Greener (၆)လက်၊ ကာဘိုင်ကျည်ဘောက် (၁၈)ခု၊ MA ကျည်ဘောက် (၇)ခု၊ ကာဘိုင်ကျည် (၉၀၀)တောင့်၊ Greener ကျည် (၂၀၀)တောင့်၊ MA ကျည် (၁၅၀)တောင့်နှင့် အီနာဂါဗုံးသီး (၅)လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ဂန့်ဂေါခရိုင်တပ်ရင်း-၁၈ (YNRF-Htilin)က ယနေ့ စက်တင်ဘာလ(၂၁)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency