ထိုင်းလယ်သမားတစ်ဦး စတင်တွေ့ရှိခဲ့သည့် ပယင်းရောင် ဂဏန်းမျိုးစိတ်သစ်

ထိုင်းလယ်သမားတစ်ဦး စတင်တွေ့ရှိခဲ့သည့် ပယင်းရောင် ဂဏန်းမျိုးစိတ်သစ်
စက်တင်ဘာ 20, 2023 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် Thong Pha Phum ခရိုင်တွင် လှပသည့် ပယင်းရောင် ဂဏန်းမျိုးစိတ်သစ်ကို အသက် (၄၈) နှစ်အရွယ် လယ်သမား Jirapan Khankaew က စတင်တွေ့ရှိခဲ့သည်။ 

၎င်း၏ ရာဘာစိုက်ခင်းတွင် အံ့အားသင့်ဖွယ် ဂဏန်းများကို တွေ့ရှိခဲ့စဥ် ဝမ်းသာပျော်ရွှင်ခဲ့သည်ဟု Jirapna က ပြောသည်။

ယခုလို တွေ့ရှိရသည့် ဂဏန်းမျိုးစိတ်သစ်ကို ပညာရှင်အဖွဲ့အစည်းများမှတစ်ဆင့် တရားဝင် စာရင်းသွင်းသွားမည်ဟု ဆိုသည်။ 

လယ်သမား Jirapna က လှပသည့် ဂဏန်းမျိုးစိတ် ပုံများကို Facebook နှင့် TikTok ကဲ့သို့ ဆိုရှယ်မီဒီယာများတွင် မျှဝေထားခဲ့သည်။ 

၎င်းတွေ့ရှိခဲ့သည့် ထူးခြားသော အရောင်အဆင်းရှိ ဂဏန်း (၄) ကောင်ကို စစ်ဆေးရန်အတွက် Kanchanaburi Freshwater Fisheries Research and Development Center သို့  ၂၀၂၃ ခုနှစ်၏ ပြီးခဲ့သည့် ဇွန်လ (၂၁) ရက်နေ့တုန်းက ပို့ဆောင်ထားကြောင်းလည်း သိရသည်။ 

၎င်း စတင်တွေ့ရှိခဲ့သည့် ဂဏန်းများမှာ အမှန်တကယ် ရေချိုဂဏန်း မျိုးစိတ်သစ်ဖြစ်သည်ဟု   Thong Pha Phum ခရိုင် ငါးလုပ်ငန်းဌာနက အကြောင်းကြာလာခဲ့ပြီးနောက် စိတ်လှုပ်ရှားပြီး ပျော်ရွှင်ကြောင်း လယ်သမား Jirapna က ဆိုသည်။

ခရိုင်ငါးလုပ်ငန်းဌာနက ဂဏန်းမျိုးစိတ်သစ် တွေ့ရှိမှုကို သိပ္ပံဂျာနယ်တစ်ခုတွင် ဖော်ပြရန်အတွက် ပညာရပ်ဆိုင်ရာ စာရွက်စာတမ်းများ ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။

 

Source: Khaosod

Photo: Jirapan Khankaew